စီချွမ်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ် / စုဝင့်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ပြည်သူ့ဆေးရုံတွင် အသက် ၄၂ နှစ်အရွယ်ရှိ နှလုံးရောဂါသည်တစ်ဦးအား အစားထိုးလဲလှယ်ကုသမှုကို အောင်မြင်စွာလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ လူနာသည် နှလုံးကြွက်သား အားနည်းပြီး နှလုံးယောင်ရမ်းခြင်းဝေဒနာခံစားနေရသူတစ်ဦးဖြစ်သည်။ နှစ်ပေါင်းများစွာ ပုံမှန်နှလုံး ကုသနည်းများဖြင့် ကုသခဲ့သော်လည်း ပျောက်ကင်းသက်သာမှုမရှိဘဲ အခြေအနေဆိုးဝါးလာခဲ့ရာ နှလုံးတစ်ခုလုံးပျက်စီးတော့မည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသူတစ်ဦးလည်းဖြစ်သည်။

ထိုသို့ နှလုံးအစားထိုးကုသမှုကြောင့် လူနာ၏ ကျန်းမာရေးအခြေအနေမှာပြန်လည်ကောင်းမွန်လာပြီး အခြေအနေ တည်ငြိမ်စပြုနေပြီဖြစ်ကြောင်းသိရသည်။ နှလုံးအစားထိုးကုသရန်စောင့်ဆိုင်းနေချိန်အတွင်း လူနာ၏ အသက်ရှင်နိုင်မှု အခွင့်အလမ်းပိုမို ရရှိစေရန် နှလုံးအတု(စက်ဖြင့် ခန္ဓာကိုယ်ထဲ အောက်ဆီဂျင်ပို့လွှတ်သည့်စနစ်) ကို ခေတ္တအစားထိုး အသုံးပြုလေ့ရှိကြောင်းသိရသည်။ (Xinhua)

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်း၏ အရှေ့ပိုင်းတွင် တည်ဆောက်လျက်ရှိသော Universal ပေကျင်းအပန်းဖြေဥယျာဉ် ၏ အဓိက အဆောက်အဦတစ်လုံးကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။ အဆိုပါ အပန်းဖြေဥယျာဉ် တွင် ယူနီဗာဆယ် ပေကျင်းဥယျာဉ်၊ ယူနီဗာဆယ် CityWalk နှင့်အတူ ဟိုတယ်နှစ်လုံးပါဝင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နွေဦးတွင် စမ်းသပ်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။
၎င်းဥယျာဉ်တွင် ပန်းခြံ အမျိုးအစားပေါင်း ၇ မျိုးအထိ ပါဝင်မည်ဖြစ်ပြီး အချို့မှာ ကမ္ဘာပေါ်တွင် ပထမဆုံး ဖျော်ဖြေတင်ဆက်မှု ပန်းခြံများလည်းပါဝင်လာမည်ဟုသိရသည်။ (Xinhua)

ယူနန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကွမ်းဖန်ကျေးရွာတွင် ကျင်းတစ်ခုထဲသို့ မတော်တဆပြုတ်ကျသွားသော အာရှဆင်ပေါက်လေးတစ်ကောင်ကို ဒေသခံသစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရွာသားများက ကယ်တင်ခဲ့သည့်ဗီဒီယိုဖိုင်ဖြစ်ပါသည်။

အဆိုပါ အာရှဆင်ပေါက်လေးသည် ၎င်း၏မိခင်နှင့်အတူ ရွာထဲသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မိခင်နှင့်ကွဲကွာသွား၍ မိခင်ကိုရှာဖွေနေစဉ် ကျင်းတစ်ခုအတွင်းသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ရွာသားများက ဆင်ပေါက်လေးကို ကယ်တင်ရန် ဒေသခံ သစ်တောဦးစီးဌာနကို ခေါ်ယူခဲ့သည်။ထို့နောက် ဆင်ပေါက်လေးကို ဆင်များလှည့်လည်သွားလာလေ့ရှိသော သစ်တောဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ သစ်တောဦးစီးဌာန ဝန်ထမ်းများက ဆင်ပေါက်လေးအတွက် လုံခြုံစိတ်ချစွာရှိနေနိုင်မည့်နေရာကို စောင့်ကြည့်ပေးလျက်ရှိသည်။ (Xinhua)

ဗြူနိုအေးရိစ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ၏ မြို့တော် ဗြူနိုအေးရိစ်တွင် လတ်တလောဖြစ်ပွားနေသည့် COVID-19ရောဂါအား ကာကွယ်နိုင်ရန် လူသားများအတွက် စိတ်ချလုံခြုံမှုရှိစေမည့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ပစ္စည်းကိရိယာသစ်တစ်မျိုး ကို တီထွင် ထုတ်လုပ်ခဲ့သည်။ ၎င်း အကာအကွယ် ပစ္စည်းကို ကော်ပြားအကြည်ဖြင့်ပြုလုပ်ထားပြီး ဦးခေါင်းမှ ပုခုံးအထိ ဝတ်ဆင်ရကာ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်များကို ကာကွယ်ပေးထားကြောင်း သိရသည်။

ထိုပစ္စည်းအား တီထွင်ခဲ့သူ Pablo Bogdam က “ ဒီကိရိယာ ရဲ့ အားသာချက်ကတော့ ဝတ်ဆင်သူကို ၃၆၀ ဒီဂရီ ကာကွယ်မှုပေးနိုင်တာပါပဲ၊ နှာခေါင်းတွေ ပါးစပ်တွေနဲ့ မျက်လုံးတွေကို ကာကွယ်ပေးနိုင်ပါတယ်၊ ဒါဟာ တကယ်အရေးကြီးပါတယ်၊ ပြီးတော့ မလိုအပ်ပဲ မျက်နှာတစ်ဝိုက်ကိုင်တွယ်မှုကိုလည်းကာကွယ်နိုင်ပါတယ်၊ ကျွန်တော်တို့လူသားတွေက ကျွန်တော်တို့ရဲ့ မျက်နှာတွေကို တစ်နေ့ကို အကြိမ်ပေါင်း ၅၀၀ လောက် သတိမပြုမိဘဲ ကိုင်တွယ်မိကြတယ်လေ၊ ဒီပစ္စည်းကတော့ ဒီလို ကိုင်တွယ်မှုကို အဓိက အကာအကွယ်ဖြစ်စေပါတယ်၊ ဒါကိုဝတ်ဆင်သင့်တဲ့နောက်ထပ်အဓိက အချက်တစ်ခုကတော့ ခင်ဗျားတို့ မျက်နှာကို မြင်တွေ့နိုင်လို့ပါပဲ၊ ဒါက အရေးကြီးတယ်လို့ပြောရတာက နားမကြားတဲ့သူတွေ အကြားအားနည်းတဲ့သူတွေ အတွက် နှုတ်ခမ်းလှုပ်တာကိုကြည့်ပြီး ဘာပြောနေလဲဆိုတာကိုနားလည်ဖို့ ဒီကိရိယာ ကို ဝတ်ဆင်ထားမှ သာ အဆင်ပြေမှာပါ” ဟု ၎င်းက ဆိုသည်။ (Xinhua)

ကွမ်ကျိုး၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုံ ပြည်နယ် ကွမ်ကျိုးမြို့လည်ခေါင်တွင် 5G နည်းပညာသုံး ရဲစက်ရုပ် တစ်ရုပ်ကို စတင်မိတ်ဆက် အသုံးပြုလျက်ရှိသည်။ ၎င်းစက်ရုပ်သည် တရုတ်အမျိုးသားနေ့နှင့် ဆောင်းလယ်ကာလ အပန်းဖြေအားလပ်ရက်များတွင် မြို့အတွင်း လှည့်လည်ကာ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ စက်ရုပ်တွင် အပူချိန်တိုင်းသာမိုမီတာ၊ ၃၆၀ ဒီဂရီ မြင်ကွင်းကြည့်ကင်မရာများနှင့် အလိုအလျောက်သွားလာသည့်စနစ်နှင့် အချက်ပေးသံမြည်သည့်စနစ် စသည်တို့အား ထည့်သွင်းထားသည်။ စက်ရုပ်ရဲဝန်ထမ်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကိုစကန်ဖတ်ပြီး မှတ်ဉာဏ်မြေပုံဖြင့် သိမ်းဆည်းကာ ၂၄ နာရီလုံး ဆက်တိုက် စောင့်ကြပ်ကြည့်ရှုနိုင်ကြောင်း သိရသည်။

စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်း ဖြစ်သည့် China Unicom ကုမ္ပဏီ ကွမ်ကျိုး ဌာနခွဲမှ တာဝန်ရှိသူ Zhang Tao က “ပထမဆုံး ဒီ မျက်လုံးနှစ်လုံး ပုံစံ တွေကတော့ ရုပ်ထွက်အားကောင်းတဲ့ HD ကင်မရာနဲ့ အပူချိန်တိုင်းကင်မရာတွေပါ၊ စက်ရုပ်က ၁.၈ မီတာ အမြင့်အထိ မြင်နိုင်အောင် တီထွင်ထားပါတယ်၊ နေ့စဉ် တာဝန်ထမ်းဆောင်စဉ်မှာ ပတ္တရောင်လှည့်တဲ့ ကားတစ်စင်းအဖြစ်လည်းတာဝန်ယူနိုင်ပါတယ်၊ ပြီးတော့ ဒါကတော့ အရေးပေါ် ကယ်ဆယ်ရေး အချက်ပြခလုတ်ပါ ၊ အရေးပေါ်အခြေအနေတစ်ခုခုကြုံရတဲ့အခါ အနီးပတ်ဝန်းကျင်ရှိလူများက ဒီ ခလုတ် ကို နှိပ်ကာ အကူအညီတောင်းခံနိုင်မှာဖြစ်ပါတယ်၊ ဒီခလုတ်ကိုနှိပ်လိုက်တာနဲ့ ရဲဝန်ထမ်းတွေက ချက်ချင်းသိရှိနိုင်မှာဖြစ်ပြီး အခင်းဖြစ်ပွားရာကို ချက်ချင်းရောက်ရှိလာမှာပါ” ဟုဆိုသည်။   (Xinhua)

 

 

ဟေးလုံကျန်း၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ “စပါးကျီ”ဟု အများသိကြသည့် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်သည် ယခုနှစ်ကပ်ရောဂါကာလတွင် အထွက်တိုးမည်ဟု မျှော်လင့်ရကြောင်း သိရသည်။ ဟေးလုံကျန်းပြည်နယ်သည် တရုတ်နိုင်ငံတွင် ၁၆ နှစ် ဆက်တိုက် စပါးထွက်နှုန်း အများဆုံး ဒေသတစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းအထိ နောက်ဆုံးရရှိထားသောစာရင်းများအရ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၆,၄၇၁ ဦး နှင့် သေဆုံးသူပေါင်း ၁၀၀ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ကိုကိုးကျွန်းမြို့နယ်မှအပ မြို့နယ်အားလုံးတွင် စက်တင်ဘာ ၂၁ ရက်မှ စတင်အကျုံးဝင်သည့် Stay at Home မိမိနေအိမ်၌သာ နေထိုင်ကြရန် စည်းမျဉ်းစည်းကမ်းများ တင်းတင်းကျပ်ကျပ် ထုတ်ပြန်မှုအပြီး နောက်တစ်နေ့တွင် ရန်ကုန်မြို့၌မဖြစ်မနေ သွားလာလှုပ်ရှား နေကြရသူများ ၏မြင်ကွင်းများကို  ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။  (Xinhua)

ဆန်းရှီး၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသူ တရုတ်အမည် (မာရှောင်ယွဲ့ ) သည် ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ တရုတ်လူမျိုး တစ်ဦးနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ အစပိုင်းတွင် ၎င်းတို့၏ ကျေးလက်လူမှုဘဝသည်  အခက်အခဲဖြစ်ကြုံတွေ့ခဲ့ရသော်လည်း ဒေသဆိုင်ရာအစိုးရ၏ ကူညီထောက်ပံ့မှုနှင့်အတူ အရာရာတိုင်းသည် အဆင်ပြေချော်မွေ့ခဲ့ရသည်။ အဆိုပါ မြန်မာအမျိုးသမီး မာ နှင့် တွေ့ဆုံကာ ၎င်းတို့၏ လူမှုဘဝ ပုံရိပ်များကို ဆင်ဟွာသတင်းဌာနမှ မေးမြန်းကာ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)

ဘူဒါပတ်စ်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထားကြီးသည် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ၊အဝတ်အထည်များ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်ပစ္စည်းများ သယ်ဆောင်ကာ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
တရုတ်-ဥရောပ ကုန်ရထားသည် ဥရောပနိုင်ငံများနှင့်သွားလာဖလှယ်မှုကို တိုးမြှင့်ရန် တရုတ်နိုင်ငံမှစတင် ဆောင်ရွက်သည့် ရထားလမ်းချိတ်ဆက်မှု စီမံကိန်းတစ်ခုဖြစ်သည်။
ကုန်ကျစရိတ်သက်သာ၍ ယုံကြည်စိတ်ချရမှုရှိခြင်းကြောင်း ကိုဗစ်ကာလတွင် ရထားသယ်ယူပို့ဆောင်ရေးသည် တိုးတက်လာကြောင်း သိရသည်။ (Xinhua)


ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားများအတွက် လုပ်ငန်းခွင်အတွင်း လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအား ကာကွယ်ရန်နှင့် ထိန်းချုပ်ရေး အစီအမံများ ကို စနစ်တကျ ဆောင်ရွက်ထားရှိသည်ကို အောက်ပါ video ထဲတွင်မြင်တွေ့နိုင်ပါသည်။ 

တရုတ်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံရပ်ခြားမှ ဝန်ထမ်းများအနေဖြင့် ဖော်ပြပါ   COVID-19 ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ကို မဖြစ်မနေလိုက်နာရမည်ဖြစ်သည်။

-ပိုးသတ်ဆေးဖျန်းခြင်း

တံခါးပြင်ပနေရာများအား ပိုးသတ်ဆေးဖျန်းခြင်း

ယာဉ်များပေါ်တွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် အဝင်အထွက်စာရင်းမှတ်ခြင်း

-လုပ်ငန်းခွင် ဝင်ပေါက်၌ ကျန်းမာရေးစစ်ဆေးပေးခြင်း

ယာဉ်များပေါ်သို့မတက်ရောက်မီ အဖျားတိုင်းတာခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်း

မော်တော်ယာဉ်ပေါ်၌ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်စေခြင်း

အုပ်ချုပ်ရေးဌာနမှ လုပ်ငန်းခွင်သို့မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် အဝင်အထွက်စာရင်းမှတ်သားခြင်း

-         ရုံးဌာနအတွင်း ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း

လုပ်ငန်းခွင်အတွင်း ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ အမှတ်အသားများကပ်ထားခြင်း

ရုံးအတွင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်စေခြင်း

-         ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာလုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း

လုပ်ငန်းခွင်သို့ အစီအစဉ်တကျ ဝင်ရောက်ရန်နှင့် ကိုယ်အပူချိန် တိုင်းတာစာရင်းသွင်းခြင်း

ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာသင်တန်းပို့ချခြင်း

ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဘေးကင်းစိတ်ချရမှုရှိမရှိနှင့်အတူ ကပ်ရောဂါ ဆိုင်ရာကာကွယ်ရေးကို စနစ်တကျဆောင်ရွက်မှုရှိမရှိ ကြပ်မတ်စစ်ဆေးကြည့်ရှုခြင်း

-         စားသောက်ခန်းများ ၌  ကပ်ရောဂါ ကာကွယ်ခြင်း

စိတ်ချရပြီး အန္တရာယ်ကင်းသောလတ်ဆတ်သော အစားအသောက်များကိုသာဖြန့်ဖြူးခြင်း

ချက်ပြုတ်သည့်အခန်းအတွင်း၌ သပ်ရပ်စွာ သန့်စင်ထားရှိခြင်း

ပို့ဆောင်ရမည့် အစားအသောက်များကို သီးခြားခွဲထားခြင်း

စားသောက်ရမည့် ခုံများ နှင့် စားပွဲများအား သတ်မှတ်အကွာအဝေးများဖြင့်တည်ခင်းခြင်း

အစားအသောက်များအား မစားသောက်မီနှင့် စားသောက်ပြီးတိုင်း လက်ကိုဆေးကြောခြင်း ပိုးသတ်ဆေးဖြန်းခြင်း

-         ကပ်ရောဂါ ကာကွယ်ရေးနှင့် ထောက်ပံ့ရေးအတွက် စာရင်းစာအုပ်ထားရှိခြင်း

ကပ်ရောဂါ ကာကွယ်ရေးကြိုးပမ်းအားထုတ်မှုများကို နေ့စဉ် စာရင်းစာအုပ်အတွင်း အသေးစိတ်မှတ်သားထားရှိခြင်း

ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများအားအရန်သင့် အလုံအလောက်ထားရှိခြင်း

-         ရောဂါ လက္ခဏာများအား သတင်းပေးပို့ခြင်း၊ ကွာရန်တင်းထားရှိခြင်းနှင့် ဆေးဝါးအထောက်အပံ့များပြုလုပ်ပေးခြင်း

ပုံမှန်မဟုတ်သည့် လက္ခဏာများဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ တိုင်ပင်ဆွေးနွေးခြင်း

ကွာရန်တင်းထားရှိရန် နေရာတစ်ခု အထူးသတ်မှတ်ပေးခြင်း

-         ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဂရုတစိုက်ဆောင်ရွက်ပေးခြင်း

ဝန်ထမ်းများ၏ အားလပ်ချိန်တွင် ဘေးကင်းပြီးစိတ်ချရမှုရှိစေမည့် အပန်းဖြေနည်းများကိုဖြည့်ဆည်းထားရှိပေးခြင်း  တို့ဖြစ်ကြောင်းသိရသည်။  (Xinhua)