ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ Sinovac Biotech၏ ကိုဗစ်ကာကွယ်ဆေး မှတ်ပုံတင်လျှောက်ထားမှုကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က ဖေဖော်ဝါရီ ၂၂ ရက်တွင် ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakulက ဖေဖော်ဝါရီ ၂၃ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပြောကြားခဲ့သည်။

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Sinovac Biotech ကုမ္ပဏီထံမှ မှာယူထားသော COVID-19 ကာကွယ်ဆေး ပထမသုတ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရောက်ရှိလာခဲ့ပြီး ယင်းမှာ ထိုင်းနိုင်ငံအတွက် အမျိုးသား ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ရန် လမ်းကြောင်းပေါ်သို့ တင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုလံဘို ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၃ ရက်ထုတ်ပြန်ကြေညာချက်အရ ဖေဖော်ဝါရီ ၂၃ ရက် ၁၀ နာရီအချိန်ထိ ပြီးခဲ့သော ၂၄ နာရီအတွင်း သီရိင်္လာနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅၁၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၈၀,၅၁၇ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါဖြင့် သေဆုံးရသူစုစုပေါင်း ၄၅၀ ဦးရှိကြောင်း ၊ နိုင်ငံအတွင်းရှိ ကပ်ရောဂါအန္တရာယ်များသည့် ဒေသများတွင် ပြည်သူလုထုအား ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဒါကာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တက္ကသိုလ်များကို မေလ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး Dipu Moni က ဖေဖော်ဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။

စင်ကာပူ ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာန(MOH)က ဖေဖော်ဝါရီ ၁၆ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိကြောင်း ၊ ယင်းသည် ပြည်ပမှ ဝင်ရောက်လာသော ကူးစက်မှုဖြစ်ကြောင်း နှင့် ယခုအခါ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၅၉,၈၁၀ ဦးထိ ရောက်ရှိလာကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဘန်ကောက်၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ထိုင်းနိုင်ငံတွင် COVID-19 ကပ်ရောဂါ နောက်ဆုံးကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့သော စမွတ်ဆခွန်းခရိုင်မှအပ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအများစုကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားမှုမှာ ဇန်နဝါရီ ၂၇ ရက် အစောပိုင်း၌ အရေအတွက်သည် သန်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ရာ လူသားများအနေဖြင့် နိုးနိုးကြားကြားရှိရမည့် အခိုက်အတန့်တစ်ခုအဖြစ် ဝမ်းနည်းဖွယ် သမိုင်းမှတ်တိုင်တစ်ခုကို မှတ်ယူရမည်ဖြစ်ပြီး အသက်သေစေနိုင်သော ရောဂါတိုက်ဖျက်ရေး ခက်ခဲကြမ်းတမ်းသော တိုက်ပွဲ၌ အလှည့်အပြောင်းတစ်ခု အဖြစ် ရောက်ရှိဆောင်ကြဉ်းလာခဲ့ပြီဖြစ်သည်။

ဂျကာတာ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုသည် တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ဂျကာတာမြို့တော်ရှိ သမ္မတနန်းတော်၌ ဇန်နဝါရီ ၂၇ ရက်က ခံယူခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ (၂)သိန်း(၂)သောင်းကျော် ရှိပြီး ယင်းတို့အနက် ဓာတ်မတည့်မှုဖြစ်ပွားသူ စုစုပေါင်း(၄၄၇)ဦးရာ အများစုမှာ လက္ခဏာအနည်းငယ်ပြခြင်းဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက် ၀၀:၀၀ နာရီအထိ အိမ်တွင်းသီးခြားခွဲနေထိုင်သည့် COVID-19လူနာ ဦးရေ (၃၀,၂၀၈)ဦးထိ ရှိပြီဖြစ်ရာ ၎င်းမှာ ပြီးခဲ့သည့်အပတ်ကထက် (၁.၇)ဆ ခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၆ ရက် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။