တိုကျို ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ NHK သတင်းဌာန ၏ ထုတ်ပြန်ကြေညာချက် အရ သြဂုတ် ၅ ရက် ၂၀ နာရီ ၃၀ မိနစ် အချိန်ထိ ဂျပန် နိုင်ငံ တွင် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၁,၃၄၃ ဦး ရှိ ခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၄၂,၇၉၉ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ ရောဂါကြောင့် သေဆုံးသူ ၅ ဦး ထပ်မံတိုးမြှင့် ခဲ့ရာ စုစုပေါင်းသေဆုံးသူ  ၁,၀၂၈ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ သြဂုတ်လ တွင် တစ်ရက်လျှင် ကူးစက်ခံရမှု အသစ် လူ တစ်ထောင်အောက် အထိ ရှိနေကြောင်း သိရသည်။

ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) 

အိမ်မွေးတိရစ္ဆာန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ကို ပထမဆုံးအကြိမ်တွေ့ရှိရကြောင်း ဂျပန်နိုင်ငံက ဩဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ 

ဂျကာတာ ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့သော ရက်သတ္တပတ် အနည်းငယ် ကတည်းက COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တိုးလာခြင်းအပေါ် နိုင်ငံအတွင်းရှိ ပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်နေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

နယူးဒေလီ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး Amit Shah က ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်ရာတွင် positive တွေ့ရှိခဲ့ရသဖြင့် ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ဩဂုတ် ၂ ရက် တွင် အတည်ပြုပြောကြားခဲ့သည်။

 ပေကျင်း၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် ဇူလိုင် ၃၁ ရက်က ပထမဆုံး COVID-19ရောဂါ အတည်ပြုလူနာ ထပ်မံ တွေ့ရှိပြီးနောက် ဩဂုတ် ၁ ရက်တွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၄၀ ၊ သီးခြားခွဲထားစောင့်ကြည့်မှု ခံယူနေသူ ၉ သောင်းကျော်ရှိကြောင်း သိရသည်။

နယူးဒေလီ ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) 

အိန္ဒိယ နိုင်ငံတစ်ဝန်း ပြီးခဲ့သော ၂၄ နာရီအတွင်း  COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၆၄၈ ဦး နှင့် အတည်ပြုလူနာသစ် ၃၇,၇၂၄ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့ပြီးနောက် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၂၈,၇၃၂ ဦး နှင့် စုစုပေါင်း ရောဂါ ဖြစ်ပွားသူ ၁,၁၉၂,၉၁၅ ဦးထိ  ရှိလာခဲ့ကြောင်း သိရသည်။ 

 မနီလာ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) 

ဖိလစ်ပိုင်နိုင်ငံ ပြည်သူ့လုပ်ငန်းခွင် နှင့် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Villar က ယနေ့ ဇူလိုင် ၁၅ ရက်၌ ၎င်းတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီးနောက်  နိုင်ငံအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရသည့် တတိယမြောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်လာခဲ့သည်။  

မွမ်ဘိုင်း၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

အိန္ဒိယ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းနှင့် ၎င်း၏သားဖြစ်သူတို့ COVID-19ရောဂါ ကူးစက်ခံရကြောင်းနှင့် မွမ်ဘိုင်းတွင် ဆေးရုံတက် ဆေးကုသမှုခံယူလျက်ရှိကြောင်း ဇူလိုင် ၁၁ ရက် ညပိုင်းက  ၎င်းတို့၏လူမှုကွန်ရက်မီဒီယာတွင် အသီးသီးအတည်ပြု ပြောကြားခဲ့သည်။

စင်ကာပူ ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့ ဇူလိုင် ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဆန္ဒမဲရုံများ ဖွင့်လှစ် လိုက်ကြောင်း သိရသည်။

ဗီယင်ကျန်း၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၏ မြင်ကွင်းများအား ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၏ မြင်ကွင်းများအား ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၏ မြင်ကွင်းများအား ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၏ မြင်ကွင်းများအား ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၏ မြင်ကွင်းများအား ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံတွင် မတ် ၂၄ ရက်က ပထမဆုံး COVID-19 အတည်ပြုလူနာ ၂ ဦး တွေ့ရှိသည်ဟု လာအို ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာပြီးနောက် ဇူလိုင် ၉ ရက်အထိ ၈၈ ရက်ဆက်တိုက် အသစ်ထပ်တိုးအတည်ပြုလူနာမရှိခဲ့သလို COVID-19 ရောဂါ လူနာ ၁၉ ဦးစလုံးသည်လည်း ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းသွားပြီဖြစ်ရာ လာအိုတစ်နိုင်ငံလုံး၏ လူမှုဘဝနေထိုင်မှုများ တစ်စတစ်စပုံမှန်ပြန်လည် လည်ပတ်လာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)