တရုတ်နိုင်ငံက COVID-19 ရောဂါကူးစက်မှု အထွတ်အထိပ်ကို ကျော်လွန်သွားပြီဟု ပြော

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြိုရှိ Wuchang ယာယီဆေးရုံတွင် ရောဂါပျောက်ကင်း၍ လူနာများ ဆေးရုံမှဆင်းသွားပြီးနောက် ကျန်းမာရေးဝန်ထမ်းများ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြိုရှိ Wuchang ယာယီဆေးရုံတွင် ရောဂါပျောက်ကင်း၍ လူနာများ ဆေးရုံမှဆင်းသွားပြီးနောက် ကျန်းမာရေးဝန်ထမ်းများ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ) CHINA

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ဖြစ်ပွားမှုအထွတ်အထိပ်ကာလကို ကျော်လွန်သွားပြီဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မတ် ၁၂ ရက်တွင် ပြောကြားလိုက်သည်။

ရောဂါကူးစက်မှုဖြစ်ပွားသူ အသစ်လျော့ကျလာခြင်းနှင့် ရောဂါဖြစ်ပွားမှုအခြေအနေက အောက်ဆုံးအဆင့်တွင် ရှိနေကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ မီဖုန်းက ပေကျင်းမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ ရောဂါဖြစ်ပွားမှုအများဆုံးနေရာဖြစ်သည့် ဝူဟန့်မြို့တွင် ရောဂါကူးစက်သူအသစ်မှာ မတ် ၁၁ ရက်က ၈ ဦးသာရှိကြောင်း သတင်းရရှိခဲ့ရာ ရောဂါဖြစ်ပွားသူအရေအတွက် ခုဂဏန်းသို့ ကျဆင်းသွားခဲ့ကြောင်း မီက ဆိုသည်။ ထို့ပြင် ဟူပေပြည်နယ်ပြင်ပ တရုတ်နိုင်ငံ ပြည်မကြီးတွင်လည်း ရောဂါကူးစက်သူအသစ် အရေအတွက်အားဖြင့် ၇ ဦးသာရှိပြီး ယင်းအနက် ၆ ဦးမှာ ပြည်ပမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)