အမေရိကန် နိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် တရုတ် နိုင်ငံ တိုက်တွန်းပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင် အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန) CHINA

ပေကျင်း ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ထုတ်ပြန်ကြေညာ ခဲ့သော COVID-19 ကပ်ရောဂါ ဆိုင်ရာ ကြေညာချက် နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ ၏ တရုတ် နိုင်ငံ အပေါ် ပြောဆိုမှုများ နှင့် ပတ်သက်၍ တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင် က တရုတ် နိုင်ငံ အနေဖြင့် အခြားနိုင်ငံအများစု နှင့် အတူတကွ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ လုပ်ငန်းဆောင်ရွက်မှု အပေါ် ထောက်ခံအားပေးခဲ့ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် တိုက်တွန်းကြောင်း ဇွန်လ ၁၂ ရက် ၌ ပြောကြား ခဲ့သည်။

ဟွာချွန်းရင် က မေလ ၁၉ ရက် တွင် ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမားရေး အစည်းအဝေး ကျင်းပ ပြီးစီး ခဲ့ပြီး ဆွေးနွေးမှု အရ COVID-19 ရောဂါ ဆိုင်ရာ ဆုံးဖြတ်ချက် အား အတည်ပြု ခဲ့ကြောင်း ၊ ဆုံးဖြတ်ချက် ၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အနေဖြင့် ကပ်ရောဂါ ဖြစ်ပွားချိန်တွင် အရေးပါသည့် ဦးဆောင်မှု ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ကမ္ဘာ့နိုင်ငံ အသီးသီး အနေဖြင့် ခွဲခြားဆက်ဆံမှု အား ရှောင်ရှားရန် ၊ နာမည်ဖျက်ခြင်း မပြုလုပ်ရန် ၊ မှားယွင်းပြီး မဟုတ်မှန်သည့် သတင်းများအား တိုက်ဖျက်ရန် ၊ ဆေးဝါးကုသမှု ကိရိယာ ၊ ကုသမှုနည်းလမ်း ၊ ကုသသည့် ဆေးဝါး နှင့် ကာကွယ်ဆေး တီထွင်ထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရမည်ဖြစ်ကြောင်း ၊ ကပ်ရောဂါ အရင်းအမြစ်ဖြစ်သည့် တိရိစ္ဆာန် ရှာဖွေရာတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့သွားရန် စသည် တို့ပါဝင် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ဟွာချွန်းရင် က တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ ကျော် နှင့် အတူတကွ ယင်းဆုံးဖြတ်ချက်တွင် ပါဝင် ခဲ့ကြောင်း ၊ သို့သော် အမေရိကန် နှင့် အချို့ နိုင်ငံ တို့ က ယင်းဆုံးဖြတ်ချက်တွင် ပါဝင်မှု မရှိခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ဆုံးဖြတ်ချက် ထုတ်ပြန်ရာ တွင် ဆုံးဖြတ်ချက် အတွင်းရှိ အကြောင်းအရာ အများအပြား အား လိုက်နာရန် ထိန်ချန်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အတူတကွ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ လုပ်ငန်းဆောင်ရွက်မှုများကို ခိုင်မြဲစွာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ သိပ္ပံပညာကဏ္ဍ မှ ရောဂါပိုး အရင်းအမြစ် နှင့် ပတ်သက်၍ သုတေသန ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ကာလတစ်လျှောက် တံခါးဖွင့်ထားပေးခဲ့ကြောင်း ၊ ပညာရပ်ပိုင်းဆိုင်ရာ နည်းလမ်းတကျ နှင့် အပြုသဘောဆောင်သည့် မှန်ကန်သော ရပ်တည်မှုများကို ထောက်ခံအားပေးကြောင်း ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ ဦးဆောင်မှု အောက် တွင် သိပ္ပံပညာရှင် နှင့် ဆေးဘက်ဆိုင်ရာ ပညာရှင် တို့ က တစ်ကမ္ဘာလုံးအတိုင်းအတာ အတွင်း သုတေသန ဆောင်ရွက်ကာ ယခုကဲ့သို့သော ရောဂါပိုး နှင့် ပတ်သက်၍ သိပ္ပံဆိုင်ရာ အသိပညာ ပိုမို သိရှိအောင် ဆောင်ရွက်သွားပြီး အနာဂတ်တွင် အလားတူ ကူးစက်ရောဂါ နှင့် ရင်ဆိုင်ရချိန်တွင် ပိုမို ကောင်းမွန်စွာ ရင်ဆိုင်နိုင်အောင်ဆောင်ရွက်သွားကာ ကမ္ဘာ့အများပြည်သူ ကျန်းမာရေး စနစ် နှင့် စီမံခန့်ခွဲနိုင်မှု စွမ်းရည်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဟွာချွန်းရင် က အမေရိကန် နိုင်ငံ သည် လက်ရှိချိန်တွင် ကမ္ဘာပေါ်၌ ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား နေသည့် နိုင်ငံ ဖြစ်သောကြောင့် တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ က မိမိ နိုင်ငံ ပြည်သူလူထု ၏ အသက်လုံခြုံမှု ၊ ကျန်းမာမှု နှင့် ကမ္ဘာ့ အများပြည်သူ ကျန်းမာရေး လုံခြုံမှု ကို ထောက်ထား၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် တိုက်တွန်းလိုကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် သင့်လျော်သည့် အချိန်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ မှ ပညာရှင်များ အား အမေရိကန် နိုင်ငံ သို့ သွားရောက် လေ့လာစစ်ဆေးရန် ဖိတ်ခေါ်ခြင်း သို့မဟုတ် သဘောတူခြင်း အားဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)