တရုတ်နိုင်ငံ နယ်စပ်ရွှေလီမြို့၌ သုံးကြိမ်မြောက် မြို့လုံးကျွတ်COVID-19 စစ်ဆေးမှု စတင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့ရှိ ကိုဗစ်စစ်ဆေးသည့် နေရာ တစ်ခုတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဓာတ်ခွဲနမူနာ ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ) CHINA

ကူမင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့၌ COVID-19 အတွက် သုံးကြိမ်မြောက် မြို့လုံးကျွတ် nucleic acid စစ်ဆေးခြင်းအား ယနေ့ ဧပြီ ၁၁ ရက်တွင် စတင်မည် ဖြစ်ကြောင်း ဒေသအစိုးရထံမှ သိရသည်။

ရွှေလီမြို့၌ ဒေသတွင်း ရောဂါဖြစ်ပွါးမှုအသစ်များစွာ ဖော်ထုတ်ခဲ့ပြီး ဒုတိယအကြိမ် တစ်မြို့လုံးအနှံ့ စစ်ဆေးမှုအား ပြုလုပ်ခဲ့ရာ COVID-19 ရောဂါပိုးရှိသော ဓာတ်ခွဲနမူနာ ၁၈ ခု စစ်ဆေးတွေ့ရှိခဲ့သည်။ စုစုပေါင်း ဓာတ်ခွဲနမူနာ ပေါင်း ၃၈၂,၅၆၈ ခုအား စုဆောင်းစစ်ဆေးထားကြောင်း သိရသည်။ ဧပြီ ၉ ရက်အထိ အတည်ပြုလူနာ ၈၈ ဦး နှင့် ရောဂါလက္ခဏာမပြသော လူနာ ၃၃ ဦးအား ယူနန်ပြည်နယ်ရှိ သတ်မှတ်ထားသော ဆေးရုံများ၌ ကုသမှု သို့မဟုတ် ဆေးဘက်ဆိုင်ရာ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ထားကြောင်း သိရသည်။ (Xinhua)
----------------------------------------------
(English Version)

Xinhua China's border city Ruili to start 3rd round of COVID-19 tests KUNMING, April 10 (Xinhua) -- The city of Ruili in southwest China's Yunnan Province is scheduled to start its third round of city-wide nucleic acid testing for COVID-19 on Sunday, the local government said. Ruili, where new local clusters of cases have been identified, has concluded its second round of city-wide tests, with 18 samples positive for COVID-19. Totally 382,568 samples were collected and tested. As of Friday, 88 confirmed cases and 39 asymptomatic cases were receiving treatment or under medical observation in designated hospitals in Yunnan. ■