ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ထောက်ခံသူများ ဖြစ်ဖွယ်ရှိသည့် တွစ်တာအသုံးပြုသူအုပ်စု ၃၀ ခန့်က ရီပက်ဘလစ်ကန်ပါတီ သို့မဟုတ် လက်ယာအစွန်းရောက် လျှို့ဝှက်ပူးပေါင်းကြံစည်မှုအယူအဆ QAnon ဖြင့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံက ဖန်တီးထားသော ဇီဝလက်နက်တစ်ခုဖြစ်သည်ဟူသော ကောလာဟလများကို ဝါဒဖြန့်ခဲ့ကြကြောင်း  သုတေသနအသစ်တစ်ခုအရ သိရသည်။

ဗီယင်ကျန်း ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန  မှ လာအိုနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနသို့ ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲကို ဇွန် ၂ ရက်က လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းရှိ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ဝူဟန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) 

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် တရုတ်နိုင်ငံ ဝူဟန့်မြို့၌ ကောလိပ်ဘွဲ့ရ ကျောင်းသားများအတွက် မြေပြင် အလုပ်အကိုင် ပြပွဲတစ်ခုကို ဇွန် ၁ ရက်တွင် Jianghan တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဝူဟန့်၊ ဇွန် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် မေ ၃၁ ရက်က ပထမဆုံး အကြိမ်အဖြစ် လက္ခဏာမပြ COVID-19 ရောဂါ ထပ်တိုးကူးစက်ခံရသူ မရှိခဲ့ကြောင်း ဝူဟန့်မြို့  ကျန်းမာရေးကော်မရှင်ဝဘ်ဆိုက်မှ ဇွန် ၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။ 

ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ မူလနေရာဟု နိုင်ငံရေးကစားခြင်းနှင့် ပြက်ရယ်ပြုခြင်းများကို အခိုင်အမာ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဂျပန်နိုင်ငံ ခေါင်းဆောင်၏ မကြာသေးမီက မှတ်ချက်စကားများအပေါ် မေ ၂၆ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။ 

ကူမင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ) 

လွန်ခဲ့သော တစ်လကျော်ကတည်းက  ရှဲ့ကျန့်(Xie Jian)သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ပြီးဖြစ်သော်လည်း ၎င်းသည် မြန်မာနိုင်ငံရှိ မိတ်ဆွေများထံမှ  COVID-19 ရောဂါ ကာကွယ်တားဆီးရေးနှင့် ပတ်သက်သော သတင်းစကား မေးမြန်းမှုကို ရရှိနေဆဲ ဖြစ်သည်။ 

ဒတ်ရန်ဘီ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ကပ်ရောဂါတိုက်ဖျက်ရေးလက်တွဲပူးပေါင်းဆောင်ရွက်ရန်တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည် မေ ၂၄ ရက် နံနက်ပိုင်းက သီးသန့်လေယာဉ်ဖြင့် တာဂျစ်ကစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့ရာ ၉ ရက်ကြာရောဂါတိုက်ဖျက်ရေးအတွေ့အကြုံဖလှယ်မှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း ၊ မေ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စစ်မြေပြင်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဦးဆောင်မှုအခန်းကဏ္ဍတစ်ခုကို ဆက်လက်ထောက်ခံအားပေးသွားပြီး မြန်မာ နှင့် အခြားသောကမ္ဘာ့နိုင်ငံများနှင့်အတူ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက အသင့်ရပ်တည်သွားမည်ဖြစ်ကြောင်း ယနေ့ မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ မေ ၁၉ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၁၈ ရက် ညပိုင်းက (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗွီဒီယို ကွန်ဖရင့်သို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဦးဆောင်ဦးရွက် အခန်းကဏ္ဍကို ထောက်ခံအားပေးရန် တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး မာရှောင်ဝေက မေ ၁၈ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။