ပေကျင်း၊ မေ ၁၉ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၁၈ ရက် ညပိုင်းက (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗွီဒီယို ကွန်ဖရင့်သို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ 

ပေကျင်း၊ မေ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၁၈ ရက် ညပိုင်းက (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗွီဒီယို ကွန်ဖရင့်တွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ ကပ်ရောဂါကို အနိုင်တိုက်ဖျက်ကာ လူသားတို့၏ကံကြမ္မာတူအကျိုးတူ ကျန်းမာရေး အသိုက်အဝန်းအား အတူတည်ဆောက်ကြပါစို့ ဟူသော ခေါင်းစဉ်ဖြင့် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ပေကျင်း ၊ မေ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေးအတွက် ဒုတိယအဆင့်စမ်းသပ်မှုများကို လာမည့် ဇူလိုင်လ အစောပိုင်းမှ စတင်ကာ အလုံးစုံပြုလုပ်သွားရန် မျှော်လင့်ထားကြောင်း နှင့် လက်ရှိအချိန်ထိ စမ်းသပ်မှုများအရ ကြီးကြီးမားမား နောက်ပြန်သက်ရောက်မှုများ မရှိကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ပေကျင်း ၊ မေ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်း အစောပိုင်းအဆင့်မှာပင် တည်ရှိနေသော အခြေအနေများအောက်၌ အမြန်ဆုံး ဖြစ်နိုင်သမျှ အရှိန်အဟုန်ဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သုတေသနလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြောင်း နှင့်  အချက်အလက်များကို မျှဝေရာတွင် ချန်လှပ်မှု လုံးဝမရှိကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ဝူဟန့်၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာမပြဘဲ ကူးစက်ခံနေရသူအရေအတွက် ပိုမိုသိရှိနိုင်ရန်အတွက် ယခင်ကရောဂါစမ်းသပ်ခြင်း မပြုလုပ်ထားသူ ဒေသခံများအားလုံးကို nucleic acid စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်သွားရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ကုလသမဂ္ဂ (UN) ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့၏ အခန်းကဏ္ဍများကို ခိုင်မာစွာထောက်ခံကြောင်း မေ ၁၅ ရက်က ပြောကြားခဲ့သည်။

ပေကျင်း ၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဆက်လက်၍ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအမြင် အား ထိန်းသိမ်း၍ ပါကစ္စတန် နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့သွားပြီး ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး တွင် နောက်ဆုံး အောင်မြင်မှု ရရှိရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း မေလ ၁၅ ရက် ၌ ပြောကြား ခဲ့သည်။

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် စွမ်းစွမ်းတမံပါဝင်လုပ်ဆောင်ခဲ့ကြောင်း အသိအမှတ်ပြုခံရသည့် မိသားစု ၆၆၀ စာရင်းကို တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများအဖွဲ့ချုပ်က မေ ၁၅ ရက်တွင် ကြေညာလိုက်သည်။

အန်ဒါဆရီဘီဂါဝမ် ၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် က မေလ ၁၄ ရက် ၌ ဘရူနိုင်း နိုင်ငံ တော်ဝင် တပ်မတော် အား COVID-19 ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ကူညီထောက်ပံ့ရေး ပစ္စည်းများ မေလ ၁၄ ရက် ၌ တရားဝင် လွှဲပြောင်းပေးအပ် ခဲ့သည်။

ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ ပွင့်လင်းမြင်သာပြီး တာဝန်ယူသည့် သဘောထားမျိုးဖြင့် အမေရိကန် နိုင်ငံ ပြည်သူလူထု အလေးထားစောင့်ကြည့်နေသည့် မေးခွန်းများကို တုံ့ပြန်သွားပြီး ထိရောက်သည့် ဆောင်ရွက်မှုများဖြင့် အမေရိကန် နိုင်ငံ ပြည်သူလူထု တို့၏ အသက်လုံခြုံရေး နှင့် ကျန်းမာရေး ကောင်းမွန်စေရေး တို့ကိုဆောင်ရွက်သွားကာ ခေါင်းရှောင်ခြင်း ကိုသာ ကြိုးစားဆောင်ရွက်ခြင်း မပြုလုပ်ရန် မျှော်လင့်ကြောင်း မေလ ၁၄ ရက် ၌ ပြောကြား ခဲ့သည်။