တီဘလီစီ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ဂျော်ဂျီယာနိုင်ငံ ကျန်းမာရေး ဝန်ကြီး Ekaterine Tikaradze က ပြီးခဲ့သော အပတ်အစောပိုင်းတွင် ဂျော်ဂျီယာနိုင်ငံသို့ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများသည် ဘေးကင်းစိတ်ချရပြီး အစွမ်းထိရောက်မှု ရှိကြောင်း ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက ပညာရေးဌာနများ နှင့် တက္ကသိုလ်များအား ဒေသတွင်းရှိ ကာကွယ်ဆေးထိုး လုပ်ငန်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည့် အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကူမင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် မြို့နေပြည်သူများ တန်းစီစောင့်ဆိုင်းနေသည်ကို ဧပြီ ၁ ရက် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် အမျိုးသမီးတစ်ဦး သွေးပေါင်ချိန်တိုင်းနေသည်ကို ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် ကာကွယ်ဆေးထိုးနှံရန် မေးမြန်စုံစမ်းနေသည်ကို ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် စောင့်ဆိုင်းနေသူများအား ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် အချက်အလက်ဖြည့်စွက်ရေးသားနေသည် ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး ဂျိမ်းဖောလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရွှေလီမြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ဧပြီ ၁ ရက်က ဘက်စုံ ကျယ်ကျယ်ပြန့်ပြန့် စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

------------------------------------

(Chinese Version)
(聚焦疫情防控)云南瑞丽有序开展新冠疫苗接种
2021-04-01 22:40:59
新华社照片,瑞丽(云南),2021年4月1日
云南瑞丽有序开展新冠疫苗接种
当日,云南省德宏傣族景颇族自治州瑞丽市全面启动新冠疫苗大规模人群接种。
新华社记者 陈欣波 摄

图说1:4月1日,在瑞丽市景成医院新冠疫苗接种点,医护人员给市民接种疫苗。
图说2:4月1日,群众在瑞丽市景成医院新冠疫苗接种点排队等待接种疫苗。
图说3:4月1日,一名女士在瑞丽市景成医院新冠疫苗接种点测量血压。
图说4:4月1日,人们在瑞丽市景成医院新冠疫苗接种点咨询接种事宜。
图说5:4月1日,人们在瑞丽市景成医院新冠疫苗接种点等候区等待接种。
图说6:4月1日,在瑞丽市景成医院新冠疫苗接种点,一名女士在填写信息。

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၈၀ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃ ခုထံ ကာကွယ်ဆေးကူညီ ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံပေါင်း ၄၀ ကျော်ထံ ကာကွယ်ဆေးများ တင်ပို့လျက်ရှိသလို ကာကွယ်ဆေးသုတေသန၊ ဖော်ထုတ်မှုနှင့် ထုတ်လုပ်မှုတွင် နိုင်ငံ ၁၀ နိုင်ငံကျော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၃၀ ရက်၌ ပြောကြားခဲ့သည်။

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်၏ မူလအရင်းအမြစ်ကို လေ့လာရန်အတွက် မူရင်းအချက်အလက် ပံ့ပိုးပေးခြင်းမရှိဟူသော ပြောဆိုချက်သည် ခိုင်လုံမှုမရှိကြောင်း အဆင့်မြင့်ကျွမ်းကျင်သူတစ်ဦးက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ကိုလံဘို၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေးများ မတ် ၃၁ ရက်က ကိုလံဘိုမြို့ Bandaranaikeအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ သီရိလင်္ကာနိုင်ငံသမ္မတ Gotabaya Rajapaksaဦးဆောင်သော ဝန်ကြီးအဖွဲ့က လေဆိပ်သို့ သွားရောက် ကြိုဆိုလက်ခံခဲ့ကြသည်။  

ကူမင်း၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် မတ် ၃၁ ရက် ၈:၀၀ နာရီမှစ၍ တစ်မြို့လုံးလွှမ်းခြုံ အစိုးရစရိတ်ခံ Nucleic acid ဆေးစစ်မှုများပြုလုပ်မည်ဖြစ်ကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ညွှန်ကြားမှုအဖွဲ့က ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပေကျင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ မူအရင်းအမြစ် ခြေရာခံခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၌ ပထမဆုံး လူနာ ဖော်ထုတ် တွေ့ရှိခြင်းမတိုင်မီကတည်းက နိုင်ငံများစွာတွင် ပြန့်နှံ့နေဖွယ်ရှိကြောင်း ဖော်ပြထားဟု မီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။

ပေကျင်း ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတစ်ဝှမ်း၌ မတ် ၂၇ ရက်အထိ COVID-19 ကာကွယ်ဆေး သန်း ၁၀၀ ကျော် ထိုးနှံထားပြီ ဖြစ်ကြောင်း မတ် ၂၈ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်ကောင်စီ COVID-19 တိုက်ဖျက်ရေး ယန္တရား နှင့် ပူးတွဲထိန်းချုပ်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ပေကျင်း ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတော်မတော်(PLA)က ဆူဒန်နိုင်ငံ စစ်တပ်အား မကြာသေးမီက တောင်းဆိုချက်အရ COVID-19 ကာကွယ်ဆေး ထောက်ပံ့မှု အသုတ်တစ်သုတ်ကို မတ် ၂၇ ရက်တွင် ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။