တိုကျို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် အခြားသောနိုင်ငံများမှ နိုင်ငံခြားသားသတင်းထောက်များကို COVID-19 ကာကွယ်ဆေးထိုးနှံမှုအတွက် မတ် ၂၃ ရက်က ပံ့ပိုးပေးခဲ့ကြောင်း Kyodo News သတင်းဌာနက မတ် ၂၄ ရက်က သတင်းဖော်ပြခဲ့သည်။

ပေကျင်း ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ COVID-19 ကာကွယ်ဆေး နေ့စဉ်ထုတ်လုပ်မှု ပမာဏသည် အကြိမ်ရေ ၅ သန်းစာ အထိရှိလာကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆန်တီယေဂို၊မတ် ၉ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံအစိုးရသည် တရုတ်နိုင်ငံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac မှ တီထွင် ထုတ်လုပ်သည့် CoronaVac ကာကွယ်ဆေး ပဉ္စမအသုတ်ကို မတ် ၈ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

ပေကျင်း၊မတ် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ချက်ချင်းလိုအပ်မှုရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၆၉ နိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သလို ဆက်လက်၍လည်း ထောက်ပံ့ပေးအပ်နေကြောင်း နှင့် နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ ကာကွယ်ဆေးများ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊မတ် ၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသည် COVID-19 ရောဂါကာကွယ်ဆေးကို ဘေးကင်းလုံခြုံမှု နှင့် အာနိသင်ရှိမှုတို့ကို ပထမဦးစားပေးကာ အစဉ်အမြဲထုတ်လုပ်လျက်ရှိကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည် ပုံမှန်အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊မတ် ၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံက နိုင်ငံပိုင်ဆေးဝါးလုပ်ငန်းဖြစ်သော Sionpharm မှ COVID-19 ရောဂါကာကွယ်ဆေး အမြောက်အမြားထုတ်လုပ်နေပြီး ယခုနှစ်အတွင်း ဆေးအလုံးရေ တစ်ဘီလံယံကျော် ထုတ်လုပ်ပေးနိုင်ရန် မျှော်လင့်ထားကြောင်း Sinopharm ကုမ္ပဏီ အုပ်စု ဥက္ကဌ Yu Qingming က မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မတ် ၂ ရက် မွန်းလွဲ ၂ နာရီအထိ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ ၅ သန်းကျော်ရှိပြီဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

မကာအို၊ မတ် ၁ ရက်(ဆင်ဟွာ)

ဒုတိယအသုတ် Sinopharmကာကွယ်ဆေး (၄)သိန်းသည် ဖေဖော်ဝါရီ ၂၈ ရက်က တရုတ်နိုင်ငံ မကာအိုသို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုများကို လာမည့်အပတ်တွင် စတင်ရန် ခန့်မှန်းထားကြောင်းသိရသည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ကာကွယ်ဆေးများအတွက် သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့် အအေးခန်းထရပ်ကားများနှင့် သေတ္တာများ လုံလုံလောက်လောက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံများစွာက တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားပြီးဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးများအား ကမ္ဘာလုံးဆိုင်ရာ သာတူညီမျှ ဖြန့်ဖြူးရေးကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။