ရာဘတ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

မော်ရိုကိုနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်ကို ဖေဖော်ဝါရီ ၁၆ ရက်က လက်ခံရရှိကြောင်း မော်ရိုကိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်


တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်ပညာရှင်များသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မူလအရင်းအမြစ်ကို ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းကျ သုတေသနပြုလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဝူဟန့်မြို့တွင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုမှာ ပြီးစီးသွားပြီဖြစ်ကြောင်း WHO-တရုတ် ပူးတွဲသတင်းစာရှင်းလင်းပွဲအရ သိရသည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တောင်းဆိုချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရေးပေါ်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် COVAX ထံသို့ COVID-19 ကာကွယ်ဆေး အလုံးရေ ၁၀ သန်း ပံ့ပိုးရန် ဆုံးဖြတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖော်ဝါရီ ၃ ရက်၌ ပြောကြားခဲ့သည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ ပေကျင်းမြို့ အခြေစိုက် Sinovac Life Sciences ကုမ္ပဏီလီမိတက်က ၎င်းတို့၏ COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေး CoronaVac ကို ဈေးကွက်အခြေအနေအရ တရားဝင်အသုံးပြုခွင့် (conditional marketing authorization) အတွက် ဖေဖော်ဝါရီ ၃ ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံသည် ၎င်း၏ တတ်စွမ်းသရွေ့ အချိန်နှင့်တစ်ပြေးညီ အားလုံးအတွက် ကျန်းမာသော အသိုက်အဝန်း တစ်ခု တည်ဆောက်ရေး၌ အခြားသောနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

ဂျီနီဗာ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တစ်ကမ္ဘာလုံးတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း သန်း(၁၀၀)ကျော်ရှိလာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နောက်ဆုံးရ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ စိုးရိမ်ထိတ်လန့်ဖွယ် ဆိုးဝါးသည့် ဤအချိန်ကို ရင်ဆိုင်ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးက လက်တွေ့ကျသော တာဝန်ယူမှုဖြင့် ခိုင်မာသည့်ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများကို ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်လာသည်။ ထိရောက်သည့်ကပ်ရောဂါတိုက်ဖျက်ရေးနည်းလမ်းများကို တင်းကျပ်စွာ အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း၊ ရောဂါတိုက်ဖျက်ရေး တစ်ကိုယ်တည်းတစ်ကိုယ်ကောင်း ဆောင်ရွက်ခြင်းစသည့် မှားယွင်းသောနည်းလမ်းများကို ပြတ်ပြတ်သားသား ပစ်ပယ်သင့်ကြောင်း သက်သေ သာဓကများရှိပြီးဖြစ်သည်။

ဆွေဟွာ့၊ဇန်နဝါရီ၂၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တစ်ကျော့ပြန်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံအရှေ့ပိုင်း ဟေးလုံကျန်းပြည်နယ်တွင် COVID-19 ရောဂါအတည်ပြုလူနာအားလုံးကို ဆေးကုသမှုပေးရာတွင် တရုတ်ရိုးရာတိုင်းရင်းဆေးဝါးများ ပေါင်းစပ်ထည့်သွင်း အသုံးပြုကာ ကုသမှုပေးလျက်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဇန်နဝါရီ ၂၅ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ ၈၂ ဦး ရှိရာ ၎င်းတို့အနက် ပြည်ပကူးစက်မှု ၁၃ ဦး (ရှန်ဟိုင်း ၈ ဦး၊ ကွမ်တုန်း ၂ ဦး၊ ဖူကျန့် ၁ ဦး၊ ဟူနန် ၁ ဦး၊ ဆန်ရှီး ၁ ဦး) ၊ ပြည်တွင်းကူးစက်မှု ၆၉ ဦး(ဟေးလုံကျန်း ၅၃ ဦး၊ ကျီလင် ၇ ဦး ၊ ဟဲပေ ၅ ဦး၊ ပေကျင်း ၂ ဦး၊ ရှန်ဟိုင်း ၂ ဦး) ရှိပြီး ထပ်တိုး သေဆုံးသူ ၁ ဦး(ကျီလင်မြို့မှ ပြည်တွင်းကူးစက်မှုဖြစ်) နှင့် သံသယလူနာ ၃ ဦး(ရှန်ဟိုင်းမြို့ရှိ ပြည်ပကူးစက်မှုများဖြစ်) ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၆ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဆောင်းရာသီ ကူးစက်လူနာဦးရေ တစ်ဟုန်ထိုးမြင့်တက်နေချိန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်၏ပြန့်ပွားမှုနှုန်းကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ဥရောပနိုင်ငံများတွင် ပိတ်ဖြင့်ပြုလုပ်သည့် နှာခေါင်းစည်းအစား ခွဲစိတ်ခန်းသုံး ပါးစပ်နှာခေါင်းစည်း(Surgical mask) မဖြစ်မနေ တပ်ဆင်ကြရန် လုပ်ဆောင်လျက်ရှိကြောင်း စင်ကာပူLianhe Zaobao ဇန်နဝါရီ ၂၄ ရက် သတင်းများအရ သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ရှီကျားကျွမ်းမြို့နှင့် ခရိုင်မြို့နယ်ဒေသအသီးသီးကို ဇန်နဝါရီ ၂၃ ရက်မှစ၍ အဆင့်ခွဲ၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်ကျော်သွားလာလှုပ်ရှားမှုများကို တင်းကျပ်စွာ ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီကျားကျွမ်းမြို့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။