ရှီးကျားကျွမ်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် မြို့တော်ရှီးကျားကျွမ်းတွင် COVID-19 ရောဂါ လူအစုလိုက်ဖြစ်ပွားမှုကြောင့် ဗဟိုကျန်းမာရေးစောင့်ကြည့်လေ့လာရေး စင်တာတစ်ခုကို ဇန်နဝါရီ ၁၃ ရက်က စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နိုင်ငံတကာကျွမ်းကျင်သူများအဖွဲ့သည် တရုတ်နိုင်ငံ ဝူဟန့်မြို့သို့ ဇန်နဝါရီ ၁၄ ရက်၌ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ် လေ့လာမှုဆိုင်ရာ နိုင်ငံတကာ သုတေသန ပညာရှင်အဖွဲ့ သည် ဇန်နဝါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင် ဝဘ်ဆိုက်၏ ယနေ့(ဇန်နဝါရီ ၁၁ ရက်)ထုတ်ပြန်ချက်များအရ သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး၏ အရေးကြီးမှုနှင့်အရေးတကြီးလိုအပ်မှုအသိကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ဘက်စုံ အရေးပေါ်အခြေအနေတွင် အသင့်ပြင်ကာ ဟဲပေ ကပ်ရောဂါ ထိန်ချုပ်ရေးလုပ်ငန်းများကို မောင်းတင်ဆောင်ရွက်ပြီး ရောဂါပြန့်ပွားမှုကို ဖြတ်တောက်ရန် အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး မာရှောင်ဝေက ဇန်နဝါရီ ၈ ရက် ဟဲပေ ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်း ဗွီဒီယိုအစည်းအဝေးတွင် အလေးထားပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဆေးဝန်ထမ်း (၂၀) ဦးပါဝင်သည့် မော်တော်ယာဉ်နှင့် ဆေးဝါးကုသရေးအထောက်အပံ့ပစ္စည်းများ အပြည့်တင်ဆောင်ထားသော ကုန်တင်ယာဉ် နှစ်စီးသည် ဇန်နဝါရီ ၉ ရက် ညနေ ၂ နာရီ ၃၀ မိနစ်တွင် ပေကျင်း ထျန်းထန်ဆေးရုံမှ ဟဲပေပြည်နယ် နန်ကုန်းမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။ ၎င်းမှာ ပေကျင်းမြို့ ကျန်းမာရေးကော်မရှင်၊ ပေကျင်းမြို့ ဆေးရုံအာဏာပိုင်အဖွဲ့က ရွေးချယ်စေလွှတ်ပြီး ပေကျင်း ထျန်းထန်ဆေးရုံ၏ ဆေးဝန်ထမ်း(၂၀)ဦးဖြင့် ဖွဲ့စည်းထားသော ပထမဆုံး ဟဲပေသို့ ကူညီအားဖြည့်ပေးရန် သွားရောက်သည့် Nucleic acid ဆေးစစ်အဖွဲ့ဖြစ်ကြောင်း သိရသည်။

ဟဲပေ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့၌ လူပေါင်း (၁၀.၂၅) သန်းကို ပထမအကြိမ် Nucleic acid စစ်ဆေးမှု ပြီးစီးခဲ့ရာတွင် positive လူနာ (၃၅၄) ဦး တွေ့ရှိခဲ့ရကြောင်း ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်သည့် ဟဲပေပြည်နယ် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 

ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ရေခဲဖုံးလွှမ်းနေသော လမ်းမပေါ်တွင် အခြားသူများအတွက် အစားအစာများနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို တင်ဆောင်ထားသည့် သုံးဘီးဆိုက်ကယ်တစ်စီးကို ဒယိမ်းဒယိုင်ဖြင့် တအိအိ တွန်းနေကြသော ရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားသည့် လူအုပ်စု၏ ဓာတ်ပုံများက အင်တာနက်တွင် ပျံ့နှံ့သွားခဲ့ပြီး အအေးလှိုင်းဒဏ် ကြုံတွေ့ခံစားနေရသည့် တရုတ်နိုင်ငံတွင် မြင်တွေ့ရသူများ၏ နှလုံးသားကို နွေးထွေးစေခဲ့သည်။

ကွမ်ကျိုး ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ပြန်ကြားရေးဌာနက ဇန်နဝါရီ ၈ ရက် ၌ သတင်းစာရှင်းလင်းပွဲကျင်းပ ပြုလုပ်ရာတွင် ကွမ်တုန်းပြည်နယ်အတွင်း အဓိကလူထုများကို စည်းစနစ်ကျနစွာ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းအား တွန်းအားပေးဆောင်ရွက်နိုင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက် အချိန်ထိ ကွမ်တုန်းပြည်နယ်အတွင်း လူပေါင်း ၁.၂၁၀၉ သန်းကို COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ကြောင်း ကြေညာခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

COVID-19 ဗိုင်းရပ်စ်၏ မူလအရင်းအမြစ်ကို ခြေရာခံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကျွမ်းကျင်ပညာရှင်၏ တရုတ်နိုင်ငံခရီးစဉ်အပေါ် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်ပြီး ကောင်းမွန်သောသဘောထားဖြင့် တရုတ်နိုင်ငံက WHO နှင့် အနီးကပ်ဆက်ဆံရေးကို ထိန်းသိမ်းထားလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

စိန်ရန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

 တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ ဟဲဖိန်ခရိုင်တွင် COVID-19 ရောဂါရှာဖွေခြင်းအတွက် nucleic acid စစ်ဆေးမှုနမူနာများ ရယူနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ ဟဲဖိန်ခရိုင်တွင် COVID-19 ရောဂါရှာဖွေခြင်းအတွက် ဒေသခံတစ်ဦးထံမှ nucleic acid စစ်ဆေးမှုနမူနာများ ရယူနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ Sujiatun ခရိုင်တွင် COVID-19 ရောဂါရှာဖွေခြင်းအတွက် ဒေသခံတစ်ဦးထံမှ nucleic acid စစ်ဆေးမှုနမူနာစုဆောင်းနေသည်ကို ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ Sujiatun ခရိုင်တွင် COVID-19 ရောဂါရှာဖွေခြင်းအတွက် nucleic acid စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသော ဒေသခံများကို ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ ယွီဟုန်ခရိုင်တွင် COVID-19 ရောဂါရှာဖွေခြင်းအတွက် nucleic acid စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသော ဒေသခံများကို ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ ဟွမ်ကူးခရိုင်တွင် COVID-19 ရောဂါစစ်ဆေးမှုအတွက် စုဆောင်းရယူထားသော nucleic acid စစ်ဆေးမှုနမူနာများကို သိမ်းဆည်းနေသည်ကို ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ ယွီဟုန်ခရိုင်တွင် COVID-19 ရောဂါရှာဖွေမှုအတွက် nucleic acid စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသူများကို ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ ယွီဟုန်ခရိုင်တွင် COVID-19 ရောဂါရှာဖွေမှုအတွက် nucleic acid စစ်ဆေးမှုနမူနာများ သိမ်းဆည်းနေသည်ကို ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၊ Tiexi ခရိုင်တွင်COVID-19 ရောဂါရှာဖွေမှုအတွက် ဒေသတစ်ဦးထံမှ nucleic acid စစ်ဆေးမှုနမူနာများ စုဆောင်းနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း စိန်ရန်မြို့တွင် ဒေသတွင်း COVID-19 အတည်ပြုလူနာများ တွေ့ရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှာဖွေရေးအတွက် မြို့ပြဧရိယာများ၌ လွှမ်းခြုံမှုရှိစေရန် ခရိုင် ၉ ခုရှိ ဒေသခံများအား nucleic acid စစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

------------------------------------------
(English Version)
Shenyang conducts second round of COVID-19 screening
Source: Xinhua| 2021-01-06 10:40:57|Editor: huaxia
SHENYANG, Jan 6 (Xinhua) -- Northeastern Chinese city Shenyang started conducting the second round of nucleic acid tests for residents in nine districts covering most urban areas to screen for coronavirus infections following recent reports of locally transmitted confirmed COVID-19 cases.

1- Medical workers pack nucleic acid test samples collected for COVID-19 screening in Heping District, Shenyang, northeast China's Liaoning Province, Jan. 5, 2021. (Xinhua/Pan Yulong)
2- A medical worker collects nucleic acid test samples for COVID-19 screening in Heping District, Shenyang, northeast China's Liaoning Province, Jan. 5, 2021. (Xinhua/Pan Yulong)
3- A medical worker collects nucleic acid test samples from a resident for COVID-19 screening in Heping District, Shenyang, northeast China's Liaoning Province, Jan. 5, 2021. (Xinhua/Pan Yulong)
4- A medical worker collects nucleic acid test samples from a resident for COVID-19 screening in Sujiatun District, Shenyang, northeast China's Liaoning Province, Jan. 5, 2021. (Xinhua/Yang Qing)
5- Residents queue for nucleic acid tests for COVID-19 screening in Sujiatun District, Shenyang, northeast China's Liaoning Province, Jan. 5, 2021. (Xinhua/Yang Qing)
6- Residents queue for nucleic acid tests for COVID-19 screening at a residential area in Yuhong District, Shenyang, northeast China's Liaoning Province, Jan. 5, 2021. (Xinhua/Yao Jianfeng)
7- A medical worker packs up nucleic acid test samples collected for COVID-19 screening in Huanggu District, Shenyang, northeast China's Liaoning Province, Jan. 5, 2021. (Xinhua/Yao Jianfeng)
8- Residents queue for nucleic acid tests for COVID-19 screening at a residential area in Yuhong District, Shenyang, northeast China's Liaoning Province, Jan. 5, 2021. (Xinhua/Yao Jianfeng)
9- A medical worker stores nucleic acid test samples collected for COVID-19 screening at a residential area in Yuhong District, Shenyang, northeast China's Liaoning Province, Jan. 5, 2021. (Xinhua/Yao Jianfeng)
10- A medical worker collects nucleic acid test samples from a resident for COVID-19 screening in Tiexi District, Shenyang, northeast China's Liaoning Province, Jan. 5, 2021. (Xinhua/Yao Jianfeng) ■