ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေးများ စက်မှုလုပ်ငန်းအဆင့်ထုတ်လုပ်မှု အရှိန်မြှင့်တင်ရန် စက်မှုလုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များတစ်လျှောက် ကော်ပိုရိတ်ပူးပေါင်းဆောင်ရွက်မှု လွယ်ကူစေရေး ပြောင်းရွှေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတွင် အမြဲတမ်းတံခါးဖွင့်ထားကြောင်းနှင့် ကာကွယ်ဆေး၏ ထိရောက်မှုနှင့် ဘေးကင်းစိတ်ချရမှုအပေါ် မြင့်မားစွာတန်ဖိုးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

ကျိနန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ကူးစက်နိုင်ခြေမြင့်မားသော အဓိကအုပ်စုများကို COVID-19 ကာကွယ်ဆေး စုစုပေါင်း အလုံးရေ ၂၁၇,၁၅၈ ထိုးနှံပေးပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ ရက် တွင် ပြောကြားခဲ့သည်။

ကွမ်ကျိုး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၌ ပြည်ပမှ ပြန်လာသူတစ်ဦးသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ် ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာက ယနေ့ ဇန်နဝါရီ ၃ ရက်တွင်ပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပြီးခဲ့သည့်ရက်များက ပေကျင်းမြို့ ချောင်ယန်ခရိုင်တွင် အဓိကလူအုပ်စုများအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးသည့်လုပ်ငန်းများ စနစ်တကျ စတင်လုပ်ဆောင်ပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံမှု ယာယီစင်တာတစ်ခုနှင့် ရပ်ရွာကာကွယ်ဆေးထိုးနှံမှု စင်တာ(၄၂)ခု “1+42” နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာ ပထမအသုတ် အဓိက လူအုပ်စု (၉)ခု၏ လူပေါင်း (၂)သိန်း ကာကွယ်ထိုးနှံမှုများ ပြီးစီတော့မည်ဖြစ်သည်။

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

Beijing Biological Products Institute Co., Ltd ထုတ်ပိုးရေးစက်ရုံတွင် COVID-19ကာကွယ်ဆေး ထုတ်ပိုးမှုအား ဝန်ထမ်းတစ်ဦးက စစ်ဆေးနေသည်ကို ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကိုယ်တိုင်ထုတ်ကာကွယ်ဆေးအား ပေကျင်းမြို့ စက်ရုံတွင် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပြည်သူအားလုံးအတွက် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ၊ နိုင်ငံတော်ကော်စီ ပူးတွဲရောဂါကာကွယ်ထိန်းချုပ်ရေး သိပ္ပံသုတေသနဌာန ကာကွယ်ဆေးသုတေသနအဖွဲ့တာဝန်ခံ ကျန်းရိရှင်းက ယနေ့(ဒီဇင်ဘာ ၃၁ ရက်)တွင် ကျင်းပသည့် နိုင်ငံတော်ကောင်စီပူးတွဲရောဂါကာကွယ်ထိန်းချုပ်ရေးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။(Xinhua)

-----------------------------------------
(Chinese Version)
重磅!新冠病毒疫苗,全民免费!
新华社 Today

在31日举行的国务院联防联控机制新闻发布会上,国家卫生健康委员会副主任、国务院联防联控机制科研攻关组疫苗研发专班负责人曾益新说,新冠病毒疫苗肯定是为全民免费提供。

 

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်


ပထမဆုံး ကိုယ်တိုင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးကို ဈေးကွက်အခြေအနေအရ (conditional marketing authorization) တရားဝင်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ Beijing Biological Products Institute ကုမ္ပဏီလီမိတက်တွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) ထုပ်ပိုးမှုစက်ရုံ လုပ်ငန်းခွင်ကို ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ Beijing Biological Products Institute ကုမ္ပဏီလီမိတက်တွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) ထုပ်ပိုးမှုစက်ရုံ လုပ်ငန်းခွင်ကို ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပထမဆုံး ကိုယ်တိုင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးကို ဈေးကွက်အခြေအနေအရ (conditional marketing authorization) တရားဝင်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

-----------------------------------------
(English Version)
China approves first self-developed COVID-19 vaccine
2020-12-31 11:28:35
BEIJING, Dec. 31 (Xinhua) -- China announced on Thursday that it had granted conditional marketing authorization for its first self-developed COVID-19 vaccine.

1-3 - A staff member checks the packaging quality of COVID-19 inactivated vaccine products at a packaging plant of the Beijing Biological Products Institute Co., Ltd. in Beijing, capital of China, Dec. 25, 2020. (Xinhua/Zhang Yuwei)

ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ကမ္ဘာကြီးသည် ၂၀၂၀ ပြည့်နှစ်ကို နှုတ်ဆက်ရန် ပြင်ဆင်ရတော့မည်ဆိုသည့်အခါ သိသာထင်ရှားလှသော မေးခွန်းတစ်ခု ထွက်ပေါ်လာပါသည်။ ထိုမေးခွန်းက “၂၀၂၁ ခုနှစ်မှာ ကမ္ဘာကြီးဟာ ဘယ်လိုပုံစံနဲ့တူမှာလဲ” ဆိုခြင်းပင်ဖြစ်သည်။

ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဒီဇင်ဘာ ၂၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၂၂ ဦး ရှိရာ ၎င်းတို့အနက် ပြည်ပကူးစက်မှု ၁၀ ဦး(ရှန်ဟိုင်း ၄ ဦး၊ ပေကျင်း ၃ ဦး၊ ကျဲ့ကျန်း ၂ ဦး၊ အန်းဟွေး ၁ ဦး ) ၊ ပြည်တွင်းကူးစက်မှု ၁၂ ဦး( လျောင်နင် ၇ ဦး၊ ပေကျင်း ၅ ဦး) ရှိပြီး ထပ်တိုး သေဆုံးသူ နှင့် သံသယလူနာမရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဒီဇင်ဘာ ၂၇ ရက် တွင် ထုတ်ပြန်ခဲ့သည်။