ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၇၀၆ ခု စစ်ဆေးခဲ့ရာမှ COVID-19 လူနာသစ် ၄၇၆ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆေးထိုးမည့်ပုံစံစာရွက်များ လိုက်လံဝေငှခြင်း နှင့် ပုံစံစာရွက်များ ပြန်လည်လက်ခံခြင်းများကို လုပ်ဆောင်ကာ ကြိုတင် စာရင်းကောက်ယူမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ ဇန်နဝါရီ ၂၃ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၅၀၇ ဦးရှိပြီး သေဆုံးလူနာ ၁၄ ဦး ရှိကြောင်း ၊ COVID-19 ကြောင့် သေဆုံးမှုနှုန်းမှာ ၂.၂ ရာခိုင်နှုန်းဝန်းကျင်ပုံမှန်ဆက်ရှိနေကြောင်း၊ သို့သော် သေဆုံးသူဦးရေ သည် ၂၀ ကျော်၊ ၂၀ ဝန်းကျင်မှ ၁၀ ကျော်ကျော် ဖြစ်လာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ပြောကြားသည်။

ဘရာဇီးလီယာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ဘရာဇီးနိုင်ငံ ကျန်းမာရေး ကြီးကြပ်မှုအေဂျင်စီ (Anvisa) က COVID-19 တိုက်ဖျက်ရေးအတွက် CoronaVac ကာကွယ်ဆေး နောက်ထပ် အလုံးရေ ၄.၈ သန်းကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၂၂ ရက်က တညီတညွတ်တည်း ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၂၅ ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါကူးစက်ခံရသူဦးရေ ၅၀၀ အောက်ရောက်သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသူဦးရေ ၁၂,၀၀၀ ဝန်းကျင်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၂ ရက်တွင်ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVISHIELD COVID-19 ရောဂါကာကွယ်ဆေး ၁.၅ သန်း မြန်မာနိုင်ငံသို့ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းကာကွယ်ဆေးများအားလက်ခံပြီးနောက် ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ရေးဆီသို့ သယ်ဆောင်၍ ဇန်နဝါရီ ၂၃ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စတင်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇန်နဝါရီ ၂၂ ရက်တွင် မီဒီယာများအားပြောကြားခဲ့သည်။

နေပြည်တော်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

နေပြည်တော်ကောင်စီ အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်မှုများဆိုင်ရာ လက်ရှိ ထိန်းချုပ်ထားနိုင်သည့် စံချိန်ကောင်းကို ဆက်လက် ထိန်းထားပြီး COVID-19 ဒုတိယလှိုင်း နေပြည်တော်သို့ ရောက်မလာစေရေး ပူးပေါင်းကာကွယ်ကြရန် နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်က ယနေ့တိုက်တွန်း ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

COVID-19 ရောဂါ ကာကွယ်ဆေး တစ်သန်းခွဲ မြန်မာနိုင်ငံသို့ မနက်ဖြန် ဇန်နဝါရီ ၂၂ ရက် တွင် ရောက်ရှိလာမည်ဖြစ်ပြီး လူ ခုနှစ်သိန်းခွဲကို စတင်ထိုးပေးမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ပြည်သူများသို့ အစီရင်ခံတင်ပြသောမိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံ၌ COVID-19ရောဂါဖြစ်ပွားသူ ၇ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း ယနေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

 
 
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်
 
မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ ၁၃၅,၇၂၁ ဦးတွင် သေဆုံးသူ ၂၉၉၇ ဦးရှိကြောင်း ယနေ့ ညပိုင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။