ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်း လူနာသစ် ၅၉၀ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၆၅၂ ဦး နှင့် သေဆုံးလူနာ ၁၆ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်း လူနာသစ် ၇၂၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှု ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၄၁၂ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၂ ဒဿမ ၆ ရာခိုင်နှုန်းအထိ စံချိန်သစ်တင် ကျဆင်းခဲ့ကြောင်း၊ COVID-19 ဒုတိယလှိုင်းနှင့်ပတ်သက်၍ အကောင်းဘက်သို့ ဦးတည်နေကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံတွင် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းအထိ COVID-19ရောဂါဖြစ်ပွားသူ ၁၂၄,၆၃၀ ဦးရှိပြီး သေဆုံးသူ ၂,၆၈၂ ထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်


တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ၂၀၂၁ ခုနှစ်၏ နှစ်ဆန်းပိုင်း အစောဆုံး ကာလများတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည့် အခြေအနေအထိ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် နှစ်ဖက် ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်သစ်ကူး သတင်းကောင်းအဖြစ် ယနေ့ အသိပေး ထုတ်ပြန်ခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံတွင် ယနေ့ COVID-19ရောဂါဖြစ်ပွားသူ ၅၈၇ ဦးတွေ့ရှိပြီး ရောဂါပိုးဖြစ်ပွားမှုသည် ၆ရက်ဆက်တိုက် ၃ရာခိုင်နှုန်းကျော်ထိ ကျဆင်းလာကြောင်း ဒီဇင်ဘာ ၃၀ရက် ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာအချို့အား စစ်ဆေးရာ ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာ ၃၀ ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်း လူနာသစ် ၆၁၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှု ၃ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် ဆက်လက် ကျဆင်းခဲ့ပြီး ၂၄ နာရီအတွင်း လူနာသစ် ၆၄၈ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

COVID-19 ကပ်ရောဂါ ကာလအတွင်း COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(COVID-19 Economic Relief Plan - CERP)အရ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ကျပ် ၅၆၈.၆၄ ဘီလီယံ ထောက်ပံ့ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ယနေ့ကျင်းပသော အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား၌ ပြောကြားခဲ့သည်။