ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ(၂၃,၁၈၈) ခုအား စစ်ဆေးရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၈၂) ဦး တွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညပိုင်း ထုတ်ပြန်သော စာရင်းများအရသိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

နေပြည်တော်၊ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော် ဝန်ထမ်း သုံးဦး COVID-19 ရောဂါ ကူးစက် ခံထားရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက အတည်ပြု ပြောကြားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

မန္တလေးတိုင်းဒေသကြီး၌ Semi Lockdown ကာလCOVID-19ရောဂါကာကွယ်ရေးစည်းမျဉ်းများ မလိုက်နာသူ ၁၀,၀၀၀ကျော် ကို ဒဏ်ရိုက်အရေးယူခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံ၌ COVID-19ရောဂါအတည်ပြု လူနာ စတင်တွေ့ရှိချိန်မှ ယနေ့အထိ ရောဂါဖြစ်ပွားသူ ၁၁၁,၉၀၀ဦး အနက်လူနာ၂,၃၄၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရသိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ပြည်တွင်းလေကြောင်းခရီး စီးနင်းလိုက်ပါကြမည့် ခရီးသည်များအား COVID-19ရောဂါစစ်ဆေးခကို အသက်သာဆုံး သတ်မှတ်ပေးထာကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ကုသရေးဌာနများတွင် တက်ရောက်နေသော COVID-19 ပိုးတွေ့လူနာများအနက် ရောဂါလက္ခဏာနှင့် ရောဂါအခံများလည်းမရှိဘဲ သင့်တော်သည့် အိမ်အခြေအနေရှိသောသူအချို့အား COVID-19 ကုသရေးဌာနတွင် ရက်အတိုင်းအတာတစ်ခုထားရှိပြီးနောက် နေအိမ်တွင်သာ ဆက်လက်၍ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွားနိုင်ရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာနများ၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများနှင့် Videoconferencing စနစ်ဖြင့် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် 

၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၅၅ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ဒီဇင်ဘာ ၁၅ ရက်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှု နှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက် အစိုးရအနေဖြင့် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ /အိမွန်ကျော်

COVID-19 ရောဂါကြောင့် ရပ်နားထားသော နိုင်ငံတကာခရီးသည်တင် လေကြောင်းလိုင်းများ ပြန်လည်ပျံသန်းနိုင်ရေးသည် ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြီးမြောက်မှသာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ရက်တွင် စတင်ပျံသန်းနိုင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးနေဝင်းက ဆင်ဟွာသို့ ပြောကြားသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များအား ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။