ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို သတ်မှတ်ထားသော စံလုပ်ထုံးလုပ်နည်းများနှင့် အညီ ဒီဇင်ဘာလ ၁၆ ရက်မှ စတင်၍ ပျံသန်းပြေးဆွဲသွားမည် ဖြစ်ပြီး လေဆိပ်အဆောက်အအုံအတွင်းသို့ တရားဝင်လေယာဉ်လက်မှတ် ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် ၃၆ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက်တို့ကို လက်ဝယ်ကိုင်ဆောင်ထားသော ခရီးသည်များကိုသာ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ယနေ့ အသိပေးချက် ထုတ်ပြန်ခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၇၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ဒီဇင်ဘာ ၁၄ ရက်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေ ၄၀ ရာခိုင်နှုန်းခန့်ကို COVID-19 ကာကွယ်ဆေး လွှမ်းခြုံနိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၂၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၃ ဦးထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
ယနေ့တွင် COVID-19 အတည်ပြုလူနာသစ် ၁၃၅၂ ဦးရှိသဖြင့် ပိုးတွေ့ရှိမှုနှုန်း ၅ ဒဿမ ၆ ရာခိုင်နှုန်းရှိပြီး သေဆုံးလူနာ ၂၅ ဦးရှိသောကြောင့် သေဆုံးသည့်ရာခိုင်နှုန်းမှာ ၂ ဒဿမ ၀၉ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးထံမှသိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်


ရန်ကုန်တိုင်းဒေသကြီးတွင် ၅ ရက်ဆက်တိုက် COVID-19 ရောဂါပိုးတွေ့ရှိမှု အရေအတွက်မှာ ၅၀၀ ကျော်မှ ၇၀၀ ကျော်ကြားသာရှိပြီး ကိန်းဂဏန်းအရ တွေ့ရှိမှုနှုန်းလျော့နည်းသွားကြောင်း အလုံမြို့နယ်၊ လူထုအခြေပြုဖျားနာကုဆေးခန်းမှ တာဝန်ခံဆရာဝန် ဒေါက်တာဇေယျာထက်က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၃၂၁ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၄၂၇ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံ၌ COVID-19 လူနာ ၁၀၃,၁၆၆ ဦးနှင့် သေဆုံးသူ ၂၁၇၄ဦးထိရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရန်ကုန်တိုင်း ဒေသကြီး၏ လက်ရှိအခြေအနေအရပ်ရပ်နှင့် ကိုက်ညီသော COVID-19 ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများ ချမှတ်ကာ ပြည်သူများလိုက်နာစေရေးအတွက် အမြန်ဆုံး စတင်နိုင်ရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးမောင်မောင်စိုးသည် COVID-19 ရောဂါပိုးကူးစက်ခံထားရပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း YCDC မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။