Xinhua Videos
-
ဖူကျန့်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် longyan မြို့Changting ကောင်တီတွင် နေထိုင်သည့် Li Shishui အမည်ရသော လက်မှုပညာရှင် တစ်ဦးသည် မြေးဖြစ်သူအား ကစားစရာများကို သစ်သားတစ်မျိုးထဲအသုံးပြု ကာ ဖန်တီးပြုလုပ်ပေးခဲ့သည်။
ဖိုးဖိုးလီ၏ လက်မှုပညာဖြင့်ပြုလုပ်ထားသည့်အရုပ်များအား ဆိုရှယ်မီဒီယာတွင် တင်ခဲ့ရာမှ လူကြိုက်များလာခဲ့သည်။၁၉၆၉ ခုနှစ်ကတည်းက လက်သမားဆရာအဖြစ်အသက်မွေးခဲ့သည့် ဖိုးဖိုးလီ၏ အရုပ်များတွင် ကော်များ၊ သံများ နှင့် ဝက်အူလှည့်များလုံးဝ မပါဘဲ သစ်သားသီးသန့်ဖြင့်သာ ဖန်တီးထားကြောင်း သိရသည်။
Li Shishui က “ ကပ်ရောဂါကြောင့် ကျွန်တော်တို့အပြင်လည်းမသွားရဘူးလေ၊ အိမ်မှာပဲနေရတာလည်းငြီးငွေ့တာနဲ့ မြေးလေးဖို့ ကစားစရာလေးတွေ လုပ်ပေးဦးမှပဲဆိုပြီးစလုပ်ဖြစ်တာပါ၊ ဒါကို လူတွေအများကြီးကြိုက်ကြလိမ့်မယ်လို့တောင် မထင်ထားမိခဲ့ပါဘူး” ဟုဆိုသည်။
သားဖြစ်သူ Li Yuejin က “အဖေက ဘာရယ်ညာရယ်မဟုတ်ဘူး အပျော်သဘောပဲ လမ်းလျှောက်တဲ့ငှက်ကလေးကို သစ်သားနဲ့ လုပ်ပေးတယ်လေ၊ ဒါပေမဲ့ အဲဒါက အွန်လိုင်းမှာ တင်လိုက်တာနဲ့ လူကြိုက်များသွားတယ်၊ ဒါနဲ့ အဖေလည်း နောက်ထပ် အရုပ်တွေအများကြီး လုပ်ဖြစ်ပြီးတော့ ဗီဒီယိုတွေကို Tik Tok မှာတင်တယ်လေ” ဟုဆိုသည်။
လီ ၏ လက်မှုပညာကိုရိုက်ကူးထားသည့် ဗီဒီယိုများအား အွန်လိုင်းတင်ခဲ့ရာ နှစ်သက်စွာကြည့်ရှုသူ ၂သန်းကျော်ရှိခဲ့သည်။လီ၏ သားဖြစ်သူမှာ အွန်လိုင်းဆိုင်တစ်ခု ဖွင့်ကာ ဖခင်၏ခြေရာနင်းနိုင်ရန် သစ်သားဖြင့်ဖန်တီးထားသည့် လက်မှုပညာများကိုလေ့လာလျက်ရှိကြောင်း သိရသည်။လီတို့သားအဖသည် တရုတ်ရိုးရာလက်မှုပညာကို တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားလာစေရန် မျှော်လင့်ထားကြောင်းသိရသည်။ (Xinhua)
-
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးကဏ္ဍတွင် စက်ရုပ်များ ပါဝင်ဆောင်ရွက်ခဲ့သည်။
ပိုးသတ်ဆေးဖျန်းစက်ရုပ်ကို ဝူဟန့်မြို့ရှိ ဆေးရုံများတွင် COVID-19 တိုက်ဖျက်ရေးဆောင်ရွက်ရာ၌ အသုံးပြုခဲ့သည်။
တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ရှိ ဆေးရုံတွင် AI နည်းပညာသုံး ပိုးသတ်ဆေးဖျန်းစက်ရုပ်ကို အသုံးပြုခဲ့သည်။
၎င်းစက်ရုပ်များသည် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ ဝန်ထုတ်ဝန်ပိုးကိုလျှော့ချပေးရာရောက်သည့်အပြင် ရောဂါကူးစက်မှု အန္တရာယ်ကိုလျှော့ချပေးနိုင်သည်။
ပစ္စည်းများပို့ဆောင်ပေးသည့်စက်ရုပ် ကို တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဆေးရုံတွင်အသုံးပြုပြီး ဆေးဝါးများနှင့် သွေးနမူနာများသယ်ဆောင်ရာတွင်အသုံးပြုသည်။
ထို့အပြင် တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် ပြည်သူများအပြန်အလှန်ရောဂါပိုးကူးစက်မှုမရှိစေရန် လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများအား သယ်ဆောင် ဝေငှရာ၌လည်း ပစ္စည်းပို့စက်ရုပ်များကို အသုံးပြုခဲ့သည်။
ကိုယ်အပူချိန်တိုင်းတာသည့် စက်ရုပ် 5G နည်းပညာသုံး ကင်းလှည့်စက်ရုပ်သည် လူသားများကို ကိုယ်အပူချိန်တိုင်းတာပေးနိုင်သည်။ ယင်းစက်ရုပ်သည် တစ်ကြိမ်လျှင် လူ၁၀ ဦးကို တပြိုင်နက် ကိုယ်အပူချိန်တိုင်း နိုင်သည်။
စက်ရုပ်များသည် လူသားတို့၏ ကျန်းမာရေးကဏ္ဍတွင် အထောက်အကူပြုရုံသာမက ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်လည်း အကူအညီဖြစ်စေသည်။
ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုအရှိန်မြှင့်တင်ပေးပြီး စက်ရုံများနှင့် လုပ်ငန်းခွဲရုံများ၏ လုံခြုံရေးကို စောင့်ကြပ်ပေးနိုင်သည်။
ကုန်ထုတ်လုပ်ငန်းများ၌သာမက လယ်ယာစိုက်ပျိုးရေးတွင်လည်း စက်ရုပ်များဖြင့်အဆင့်မြှင့်တင်နိုင်ခဲ့သည်။
ပြည်သူများ၏ လူနေမှုဘဝတွင် အံဝင်ခွင်ကျဖြစ်စေမည့် ဝန်ဆောင်မှုများဖြင့် စက်ရုပ် များက တဖြည်းဖြည်းနေရာယူလာခဲ့သည်။
စားဖိုမှူးစက်ရုပ်များက ရေခဲမုန့်များ၊ ဟမ်ဘာဂါများကိုပြုလုပ်ပေးနိုင်သည့်အပြင် တရုတ် ရိုးရာ ဟင်းလျာများကိုလည်း ချက်ပြုတ်ပေးနိုင်သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းဆန်းတုန်းပြည်နယ် ကျိနန်မြို့၌ ဖွင့်လှစ်ထားသည့် စမတ်စားသောက်ဆိုင်တွင် စက်ရုပ်စားဖိုမှူးများကို အသုံးပြုကာ ဝန်ဆောင်မှုပေးခဲ့သည်။
အားကစား ကဏ္ဍ၌လည်း စက်ရုပ်များက ပါဝင်ပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အားကစား တက္ကသိုလ်တွင် စားပွဲတင် တင်းနစ် စက်ရုပ် နည်းပြ ကို အသုံးပြုခဲ့သည်။ အဆိုပါ စားပွဲတင် တင်းနစ် စက်ရုပ် နည်းပြတွင် တင်းနစ်ဘောလုံး ရိုက်နိုင်သည့် လက်တံများ တပ်ဆင် ကာ ကမ္ဘာ့ ပထမဆုံး စီးပွားဖြစ်ထုတ်လုပ်ထားသည့် စက်ရုပ်အမျိုးအစားဖြစ်လာသည်။ ထို့အပြင် လုံခြုံရေးနှင့် လူသားတို့၏ အဖော်အဖြစ် ခွေးစက်ရုပ်များကိုလည်း အသုံးပြုရန်ထုတ်လုပ်ထားသည်။
ဤသို့ဖြင့် စက်ရုပ်များသည် လေထုထဲ၌ သာမက မြေပြင်နှင့် ရေပြင်ထိပါ ထိုးဖောက်ကာ စွမ်းဆောင်မှုပေးနိုင်ကြပြီဖြစ်ကြောင်းသိရသည်။ (Xinhua)
-
စီချွမ်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ် / စုဝင့်
တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ပြည်သူ့ဆေးရုံတွင် အသက် ၄၂ နှစ်အရွယ်ရှိ နှလုံးရောဂါသည်တစ်ဦးအား အစားထိုးလဲလှယ်ကုသမှုကို အောင်မြင်စွာလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ လူနာသည် နှလုံးကြွက်သား အားနည်းပြီး နှလုံးယောင်ရမ်းခြင်းဝေဒနာခံစားနေရသူတစ်ဦးဖြစ်သည်။ နှစ်ပေါင်းများစွာ ပုံမှန်နှလုံး ကုသနည်းများဖြင့် ကုသခဲ့သော်လည်း ပျောက်ကင်းသက်သာမှုမရှိဘဲ အခြေအနေဆိုးဝါးလာခဲ့ရာ နှလုံးတစ်ခုလုံးပျက်စီးတော့မည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသူတစ်ဦးလည်းဖြစ်သည်။
ထိုသို့ နှလုံးအစားထိုးကုသမှုကြောင့် လူနာ၏ ကျန်းမာရေးအခြေအနေမှာပြန်လည်ကောင်းမွန်လာပြီး အခြေအနေ တည်ငြိမ်စပြုနေပြီဖြစ်ကြောင်းသိရသည်။ နှလုံးအစားထိုးကုသရန်စောင့်ဆိုင်းနေချိန်အတွင်း လူနာ၏ အသက်ရှင်နိုင်မှု အခွင့်အလမ်းပိုမို ရရှိစေရန် နှလုံးအတု(စက်ဖြင့် ခန္ဓာကိုယ်ထဲ အောက်ဆီဂျင်ပို့လွှတ်သည့်စနစ်) ကို ခေတ္တအစားထိုး အသုံးပြုလေ့ရှိကြောင်းသိရသည်။ (Xinhua)
-
ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်း၏ အရှေ့ပိုင်းတွင် တည်ဆောက်လျက်ရှိသော Universal ပေကျင်းအပန်းဖြေဥယျာဉ် ၏ အဓိက အဆောက်အဦတစ်လုံးကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။ အဆိုပါ အပန်းဖြေဥယျာဉ် တွင် ယူနီဗာဆယ် ပေကျင်းဥယျာဉ်၊ ယူနီဗာဆယ် CityWalk နှင့်အတူ ဟိုတယ်နှစ်လုံးပါဝင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နွေဦးတွင် စမ်းသပ်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။
၎င်းဥယျာဉ်တွင် ပန်းခြံ အမျိုးအစားပေါင်း ၇ မျိုးအထိ ပါဝင်မည်ဖြစ်ပြီး အချို့မှာ ကမ္ဘာပေါ်တွင် ပထမဆုံး ဖျော်ဖြေတင်ဆက်မှု ပန်းခြံများလည်းပါဝင်လာမည်ဟုသိရသည်။ (Xinhua)