တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ကိုလံဘီယာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ) WORLD

ဘိုဂိုတာ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ Sinovac ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်သည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာမြို့သို့ ရောက်ရှိခဲ့သည်။ ကိုလံဘီယာနိုင်ငံ သမ္မတ Ivan Duque ၊ ဒုတိယသမ္မတRamírez တို့နှင့်အတူ ကိုလံဘီယာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး လန်ဟူတို့က လေဆိပ်သို့သွားရောက်၍ ကြိုဆိုလက်ခံခဲ့ကြကြောင်း သိရသည်။

ကာကွယ်ဆေးလျင်မြန်စွာ ရောက်ရှိနိုင်ရန် ကိုလံဘီယာ-တရုတ် နှစ်နိုင်ငံ အတူကြိုးပမ်း၍ပူးပေါငဆောင်ရွက်ခဲ့ရာ ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း၊ ယခုကာကွယ်ဆေးများက လူပေါင်းများစွာ၏အသက်ကို ကယ်ဆယ်နိုင်မည်ဖြစ်ကြောင်း Duqueက ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ သမ္မတ Duqueက ကာကွယ်ဆေးလက်ခံသည့်အခမ်းအနားတွင် အမှာစကားပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကပ်ရောဂါကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ကိုလံဘီယာနိုင်ငံ၏ အဓိကဦးစားပေး ကဏ္ဍဖြစ်ကြောင်း လန်ဟူက ဆိုသည်။ ကိုလံဘီယာနိုင်ငံအစိုးရ၏ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၏ ကြိုးပမ်းမှုကို အားရဝမ်းသာဖွယ်တွေ့ရှိရကြောင်း ၊ တရုတ်နိုင်ငံ၏ကာကွယ်ဆေးသည် အရေးပါသည့်အခန်းကဏ္ဍတွင် အပြုသဘောပါဝင်ကာ အသက်များစွာကို ကယ်ဆယ်နိုင်မည်၊ ပြည်သူလူထု၏ပုံမှန်နေထိုင်ဘဝ ထုတ်လုပ်ရေးလုပ်ငန်းများကို ပြန်လည်ကောင်းမွန်အောင် အားဖြည့်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပထမအသုတ်ရောက်ရှိလာသည့် တရုတ်နိုင်ငံ၏ကာကွယ်ဆေးများတွင် အချို့ကို တောင်ပိုင်း ဘရာဇီးနှင့်ဆက်စပ်နေသည့် Amazonas၊ Vaupes၊ Guainiaပြည်နယ်များတွင် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်ကာကွယ်ဆေးများကို နိုင်ငံတစ်ဝှမ်း ဖြန့်ချိပေးသွားမည်ဖြစ်ရာ ရှေ့တန်းကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးစောင့်ရှောက်ရေးဂေဟာ အသက်(၈၀)နှင့်အထက်ရှိသူများကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကိုလံဘီယာ ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

Sinovacကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ယခုလဆန်းပိုင်းတွင် ကိုလံဘီယာနိုင်ငံ အမျိုးသား စားသောက်ကုန်နှင့်ဆေးဝါးကြီးကြပ်ရေးဌာနက ခွင့်ပြုပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၇ ရက်တွင် စတင်ခဲ့သည်။ ကိုလံဘီယာ၏ ၂၀၂၁ ခုနှစ် တစ်နိုင်ငံလုံးကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အရ ဆေးဝန်ထမ်း၊ သက်ကြီးရွယ်အို၊ ရောဂါအခံရှိသူနှင့် မူလတန်းအလယ်တန်းကျောင်း ဆရာဆရာမများ စသည့် လူအုပ်စုများကို ကာကွယ်ဆေး ဦးစားပေးထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုလံဘီယာ ကျန်းမာရေးသုတေသနဌာန၏ ကိန်းဂဏန်းများအရ ဖေဖော်ဝါရီ ၂၀ ရက် ၁၈ နာရီအချိန်အထိ စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ (၂,၂၂၂,၀၁၈)ဦးရှိပြီး သေဆုံးလူနာ (၅၈,၆၈၅)ဦး ရှိကြောင်း သိရသည်။
 -------------------------------
(Chinese Version)
首批中国新冠疫苗运抵哥伦比亚
2021-02-21 14:58:15
 新华社波哥大2月20日电(记者高春雨)首批由中国科兴公司生产的新冠疫苗20日下午运抵哥伦比亚首都波哥大。哥总统杜克、副总统拉米雷斯等政府官员以及中国驻哥大使蓝虎前往迎接。
  杜克在疫苗接收现场举行的新闻发布会上表示,哥中两国通力合作确保疫苗快速抵达,让哥伦比亚“欢欣鼓舞”,这批疫苗将挽救更多人生命。
 蓝虎表示,防疫合作是中哥合作重点和优先领域。中方高度赞赏哥政府抗击疫情和开展国际合作的努力,相信中国疫苗将发挥积极作用,挽救更多生命,助力哥民众早日恢复正常生产生活。
哥卫生和社会保障部19日说,首批抵哥中国疫苗中的一部分将运至南部与巴西接壤的亚马孙省、沃佩斯省和瓜伊尼亚省使用。余下部分将在全国范围分配,提供给一线医务工作者及养老机构80岁以上老人。
  哥国家食品药品监督局本月初正式授权在该国紧急使用科兴疫苗。哥伦比亚17日启动新冠疫苗接种工作。根据哥2021年全国疫苗接种计划,医护人员、老人、基础疾病成年患者和中小学教师等群体将优先接种疫苗。
 据哥国家卫生研究院统计,截至20日18时,该国累计新冠确诊病例达2222018例,累计死亡病例达58685例。

图说1,2- (国际疫情)首批中国新冠疫苗运抵哥伦比亚
2月20日,在哥伦比亚波哥大埃尔多拉多国际机场,工作人员转运刚刚卸载的科兴疫苗。
图说 3 - (国际疫情)首批中国新冠疫苗运抵哥伦比亚
2月20日,在哥伦比亚波哥大卫生和社会保障部仓库,哥总统杜克(前排中)在疫苗接收仪式上讲话。