နယူးဒေလီ၊ မေ ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မေ ၁ ရက် နံနက်အစောပိုင်းက လေးထပ်ရှိသော လူမှုဖူလုံရေးဆေးရုံအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ COVID-19 လူနာ အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကန်ဘာရာ၊ မေ ၁ ရက် (ဆင်ဟွာ)

နေရပ်ပြန်ခြင်းဆိုင်ရာ ခရီးသွားလာခွင့်တားမြစ်ချက်ကို ချိုးဖောက်သော အိန္ဒိယနိုင်ငံတွင် သောင်တင်နေသည့် သြစတြေးလျနိုင်ငံသားများ အနေဖြင့် ထောင်ဒဏ် ၅ နှစ် အထိ ကျခံရနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး Greg Hunt က ဆိုသည်။

မော်စကို၊ မေ ၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ Rosselkhoznadzor က တိရစ္ဆာန်များအတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Carnivac-Cov အား အမြောက်အမြားထုတ်လုပ်မှု စတင်လိုက်ပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက်က ကြေညာခဲ့သည်။

ဂျီနီဗာ ၊ မေ ၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ဧပြီ ၃၀ ရက်၌ ကျင်းပပြုလုပ်သော အမေရိကတိုက်ကြီးများဒေသ COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အမေရိကတိုက်ကြီးများဒေသ၌ စာရင်းထုတ်ပြန်ပြီးသည့် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်းမှာ ၆၂ သန်းကျော်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်းမှာ ၁.၅ သန်းကျော်ရှိကာ ကပ်ရောဂါအခြေအနေ တိုးတက်မှုမှာ မကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမှ အသွားအပြန် စီးပွားဖြစ်နိုင်ငံတကာလေယာဉ်ခရီးစဉ်များအား မေ ၃၁ ရက်အထိ ဆက်လက်ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီ ၃၀ ရက်တွင်ပြောသည်။

ရီယိုဒီဂျနေးရိုး၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃,၀၀၁ ဦး ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် သေဆုံးသူစုစုပေါင်း ၄၀၁,၁၈၆ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းအား တိုက်ဖျက်ရေးတွင် အကူအညီပေးရန် အထူးသဖြင့် အောက်ဆီဂျင်ထုတ်လုပ်မှု စက်ကိရိယာများကဲ့သို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးရန်နှင့် ကူညီရန် နိုင်ငံပေါင်း ၄၀ ကျော်က ကတိပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Harsh Vardhan Shringla က ဧပြီ ၂၉ ရက်၌ ပြောကြားခဲ့သည်။

ဆိုးလ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းသည် ဆိုးလ်မြို့ရှိ ပြည်သူ့ကျန်းမာရေးစင်တာတွင် ယနေ့ ဧပြီ ၃၀ ရက်၌ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတ အိမ်ပြာတော်က ပြောကြားခဲ့သည်။

နယူးဒေလီ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၁၈ ကျော်သွားပြီဖြစ်ကာ ဧပြီ ၂၉ ရက်တွင်မူ ၁၈,၃၇၆,၅၂၄ ဦးအထိ ရောက်ရှိသွားခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၃၇၉,၂၅၇ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေး ရင်ဆိုင်ရုန်းကန်နေရချိန်တွင် ကုလသမဂ္ဂအဖွဲ့က အကူအညီများ ပေးနေကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။