ဝါရှင်တန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါကြောင့် တစ်ရက်အတွင်း လူသေဆုံးမှု  အများဆုံးစံချိန်အဖြစ် ဧပြီ ၁ ရက် (၂၄ နာရီအတွင်း) သေဆုံးသူ ၈၈၄ ဦးထိ ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဧပြီ ၁ ရက် ညနေပိုင်းတွင် ထုတ်ပြန်သော အချက်အလက်များ အရသိရသည်။

ဘရာဇီးလီယာ ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၅,၇၁၇ ဦးမှ ၆,၈၃၆ ဦးထိမြင့်တက်သွားခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း ၂၀၁ ဦးမှ ၂၄၀ ဦးထိမြင့်တက်သွားခဲ့ရာ သေဆုံးမှုနှုန်းမှာ ၃.၅ ရာခိုင်နှုန်းထိ ရောက်ရှိသွားကြောင်း  ဧပြီ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဝါရှင်တန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ဧပြီ ၁ ရက်တွင် ကမ္ဘာပေါ်၌ COVID-19 ကူးစက်ခံရသော လူနာဦးရေ ၂ သိန်းကျော်ရှိသည့် ပထမဆုံးနိုင်ငံဖြစ်လာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းဖော်ပြချက် အရသိရသည်။

မော်စကို၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့သော ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အဓိက ကုသရေးဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။

ရောမ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အီတလီတွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေသည် တည်ငြိမ်သည့်အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်း ၊ သို့သော်လည်း ပြည်သူလူထုအနေဖြင့် သတိလက်လွတ်မနေကြရန် အီတလီ အဆင့်မြင့် ကျန်းမာရေး သုတေသနဌာနအကြီးအကဲ Silvio Brusaferroက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ 

ဂျကာတာ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို(Joko Widodo)က နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအနေဖြင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ်အား မတ် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ 

ဝါရှင်တန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ မတ် ၃၁ ရက် အစောပိုင်းထိ COVID-19 ရောဂါဖြင့်သေဆုံးသူ အရေအတွက်မှာ ၄ ထောင်ကျော်ထိရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရသိရသည်။

ဖနွမ်းပင် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 လူနာ နှစ်ဦးထပ်မံ သက်သာပျောက်ကင်းသွားသဖြင့် လက်ရှိတွင် နိုင်ငံအတွင်း ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း၂၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၁ သိန်း ၈ သောင်းကျော်ရှိပြီဖြစ်ကြောင်း Johns Hopkinsတက္ကသိုလ်၏ မတ် ၃၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ 

တူနီးရှား ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Abdelmadjid Tebboune က နိုင်ငံ အတွင်း COVID-19 ရောဂါ တိုက်ဖျက်နေချိန်တွင် တရုတ် နိုင်ငံ က ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှု ပစ္စည်းများ ပေးအပ်ခဲ့ခြင်းအပေါ် တရုတ် နိုင်ငံသည် အယ်လ်ဂျီးရီးယား နိုင်ငံ ၏ စစ်မှန်သော မိတ်ဆွေ ဖြစ်ကြောင်း မတ် ၃၁ ရက် တွင် ထုတ်ဖော်ပြောကြား ခဲ့သည်။