နယူးဒေလီ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော Air India လေကြောင်းလိုင်းသည် ဗြိတိန်နိုင်ငံမှ မကြားသေးမီက ထုတ်ပြန်ခဲ့သည့်ကန့်သတ်ချက်များကြောင့် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း အိန္ဒိယနှင့် ဗြိတိန်နှစ်နိုင်ငံအကြား ပျံသန်းရန်စီစဉ်ထားသော လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်သည်ဟုကြေညာခဲ့ကြောင်း တာဝန်ရှိသူ က ဧပြီ ၂၂ ရက်တွင် ပြောသည်။

ဝါရှင်တန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၂၀၀ ကျော်ထိုးနှံခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာ (CDC) အရ သိရသည်။

တိုကျို ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်း၏စာရင်းပြုစုချက်အရ ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် ၂၀ နာရီအချိန်ထိ ဂျပန်နိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅,၂၉၁ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၄၇,၅၄၄ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့်ထပ်မံသေဆုံးခဲ့ရသူ ၄၉ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၉,၇၇၃ ဦးအထိရှိလာကြောင်း သိရသည်။

ဘိုးအောက်၊ ဟိုင်းနန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) ကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းတွင် ကျင်းပခဲ့ရာ COVID-19 တိုက်ဖျက်ရေး ပူးတွဲဆောင်ရွက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ခိုင်မာရေး တည်ဆောက်ရန် သဘောတူညီချက်နှင့်အတူ ဧပြီ ၂၁ ရက်၌ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဆော်ပိုလို ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၀ ရက်၌ ထုတ်ပြန်ခဲ့သော နောက်ဆုံးစာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၆၉,၃၈၁ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၄,၀၄၃,၀၇၆ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၃,၃၂၁ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၇၈,၀၀၃ ဦးအထိရောက်ရှိလာခဲ့ကာ ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၁၂,၅၆၁,၆၈၉ ဦးရှိကြောင်း သိရှိခဲ့ရသည်။

မက္ကဆီကိုစီးတီး၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံရှိ ပြည်နယ်အချို့တွင် သီတင်းပတ်နှစ်ပတ်အတွင်း လူကိုယ်တိုင်တက်ရောက်ရမည့် အတန်းများ ပြန်လည်ဖွင့်လှစ်ရန် ကြေညာခဲ့ပြီးနောက် ပြည်နယ် ငါးခုတွင် ဆရာ၊ ဆရာမများနှင့် အခြားသော ပညာရေးဝန်ထမ်းများအား တရုတ်နိုင်ငံ CanSino ဆေးဝါးကုမ္ပဏီမှ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂျီနီဗာ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ကမ္ဘာတစ်ဝှမ်းတွင် ပြီးခဲ့သောအပတ်တွင် ရောဂါ ဖြစ်ပွားမှု ၅ ဒသမ ၂ သန်းနှင့်အတူ COVID-19 ကူးစက်မှုအသစ်များသည် သီတင်းပတ် ၈ ပတ်ဆက်တိုက် တိုးလာခဲ့ကြောင်း နှင့် လူငယ်များတွင် စိုးရိမ်ဖွယ်ရာ တိုးနှုန်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဆန်တီရာဂို၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Sinovac Biotech လီမိတက်မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးသည် ရောဂါကြောင့်သေဆုံးမှုကို ကာကွယ်ရာတွင် ၈၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ချီလီနိုင်ငံ၌ မကြာသေးမီက ပြုလုပ်ထားသည့် ချီလီနိုင်ငံရှိ real-world study လေ့လာမှု၌ ဖော်ပြထားသည်။

ဆန်တီယေဂို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

တရုတ် ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinovac မှ COVID-19 တိုက်ဖျက်ရေးအတွက် ထုတ်လုပ်သော CoronaVac ကာကွယ်ဆေးသည် ကူးစက်မှုများ ကြိုတင် ကာကွယ်ခြင်း ၊ ဆေးရုံတင်ကုသမှုများ ၊ အထူးကြပ်မတ်ကုသမှုများ နှင့် သေဆုံးမှုများအား တားဆီးရာတွင် အလွန်ထိရောက်မှု ရှိကြောင်း သက်သေပြခဲ့သည်ဟု ချီလီတာဝန်ရှိသူတစ်ဦးက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

နယူးယောက် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါကြောင့် သေဆုံးသူမှာ ဧပြီ ၁၇ ရက်တွင် ၃ သန်းကျော်လွန်သွားပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) ထံမှ သိရသည်။
CSSE ၏ အချက်အလက်များအရ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၁ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၂၂၁ နာရီ) အထိ ကမ္ဘာအနှံ့တွင် စုစုပေါင်း ရောဂါဖြစ်ပွားသူ သန်း ၁၄၀ ကျော်နှင့်အတူ သေဆုံးသူအရေအတွက်မှာ ၃,၀၀၁,၈၉၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။