ရောမ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) 

အီတလီနိုင်ငံတွင် သန်းနှင့်ချီသော အထက်တန်း၊အလယ်တန်းနှင့် မူလတန်းကျောင်းသားကျောင်းသူများသည် ရောဂါကာကွယ်ရေးအတွက် ၆ လကြာ အိမ်တွင်းအောင်းနေမှုများကို စက်တင်ဘာ ၁၄ ရက်တွင် အဆုံးသတ်ခဲ့ပြီးနောက် စာသင်ကျောင်းများသို့ အသီးသီး ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရသည်။ 

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂညီလာခံတွင် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်းနှင့် ပြင်သစ်နိုင်ငံတွင် တစ်ရက်အတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ ၁ သောင်းကျော် ရှိခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂညီလာခံတွင် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်းနှင့် ပြင်သစ်နိုင်ငံတွင် တစ်ရက်အတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ ၁ သောင်းကျော် ရှိခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။

မော်စကို၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် COVID-19 တိုက်ဖျက်ရေးနှင့် အခြားသောနယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။ 

ဂျေရုဆလမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံသည် COVID-19 ကာကွယ်ဆေးကို စေတနာ့ဝန်ထမ်း ၁၀၀ ဖြင့် ပထမဆုံးစမ်းသပ်မှုစတင်တော့မည် ဖြစ်ကြောင်း နိုင်ငံအလယ်ပိုင်းရှိ Sheba ကျန်းမာရေးစင်တာက စက်တင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။ 

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန် ကုန်စည်ပြပွဲအတွင်း ခင်းကျင်းပြသခဲ့သော တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများသည် စိတ်ဝင်စားမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သလို ဗိုင်းရပ်စ်တိုက်ပွဲကို အောင်မြင်မှုရရှိရန် နောက်ဆုံးဖြေရှင်းမှုအတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။

ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ပိုင်း တန်နက်စီတက္ကသိုလ် (University of Tennessee) ရှိ Knoxville ပရိဝုဏ်၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်တက်လာခြင်းကြောင့် လက်ရှိတွင် ကျောင်းသားနှင့် ဝန်ထမ်း ၂,၁၀၀ ကျော်ကို အသွားအလာကန့်သတ်ထားရှိကြောင်း ဒေသတွင်းမီဒီယာက စက်တင်ဘာ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။ 

ပါရီ ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex သည် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် ကြိုတင်ကာကွယ်သည့်အနေဖြင့် COVID-19 စစ်ဆေးမှုခံယူသွားမည် ဖြစ်ကြောင်း Castex ရုံးက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ 

မော်စကို၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ဖြစ်ပွားမှုအသစ် ၅,၀၉၉ ဦး ရှိခဲ့ပြီး စုစုပေါင်း ရောဂါဖြစ်ပွားသူ ၁,၀၃၅,၇၈၉ ဦးအထိ ရောက်သွားပြီဖြစ်ကြောင်း COVID-19 တုံ့ပြန်ရေးစင်တာက စက်တင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ 

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံသည် ဇန်နဝါရီလတွင် လူအများအပြားပါဝင်သော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ဆေးထိုးနှံခြင်း လှုံ့ဆော်မှု စတင်သွားမည် ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၈ ရက်၌ ပြောကြားခဲ့သည်။