တရုတ်နိုင်ငံက ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန် ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ) NPC

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်ကာ အင်အားချဲ့ထွင်မှုအား ဘယ်သောအခါမှ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံက အခြား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယင်းနိုင်ငံများအား ကူညီထောက်ပံ့ခြင်းကို မဟာဗျူဟာမြောက် အင်အားချဲ့ထွင်ခြင်းအဖြစ် နားလည်မှုလွဲခြင်းဖြစ်ကြောင်း ဟု မတ်လ ၂၀ ရက်တွင် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ လီက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ကိစ္စရေးရာတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲဖို့ ကျွန်တော်တို့ အလေးထားပါတယ်” ဟု ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။(Xinhua)