ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ)
၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက် အစည်းအဝေး ၊ တရုတ်နိုင်ငံ၏ အမျိုးသား ဥပဒေပြုရေး ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ မေ ၂၅ ရက်တွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အခြားသော တရုတ်ခေါင်းဆောင်များသည် ပေကျင်းမြို့ရှိ မဟာခန်းမ၌ ကျင်းပသော အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ဥက္ကဋ္ဌ လီကျန်ဆူး (Li Zhanshu) က ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ လုပ်ငန်း အစီရင်ခံတစ်စောင်အား အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း သိရသည်။ (Xinhua)