လမ်းသွားလမ်းလာများက ကားကိုဝိုင်းမ၍ ကားအောက်ရောက်သွားသူကို ကယ်ထုတ်ပေး

နန်ကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း နန်ကျင်းမြို့တွင် လျှပ်စစ်စက်ဘီးစီးလာသူ အမျိုးသားကြီးတစ်ဦးကို ကားတိုက်မိ၍ အဆိုပါအမျိုးသားမှာ ကားအောက်သို့ရောက်သွားသဖြင့် လမ်းသွားလမ်းလာများက ကားကိုဝိုင်းမကာ ကယ်ထုတ်ခဲ့သည်ကို ရိုက်ကူးထားသော ဗီဒီယိုဖြစ်ပါသည်။


တိုက်မိသောကား၏ ယာဉ်မောင်းနှင့် လမ်းသွားလမ်းလာများသည် ရဲကို ချက်ချင်းဖုန်းဆက်ခေါ်၍ ထိုအမျိုးသားကို ကားအောက်မှ ဆွဲထုတ်ရန်ကြိုးစားခဲ့သည်။ နောက်ထပ်လူများစွာလည်း စုဝေးရောက်ရှိလာပြီး ကားကိုဝိုင်းဝန်းကူညီမ၍ အမျိုးသားကြီးကို ကယ်ထုတ်ခဲ့ကြသည်။ အဆိုပါ ဖြစ်ရပ်သည် အချိန်အားဖြင့် စက္ကန့် ၁၁၀ ခန့်သာ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် အဆိုပါ အမျိုးသားကြီးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး လက်ရှိတွင် အခြေအနေတည်ငြိမ်လျက်ရှိကြောင်း သိရသည်။  (Xinhua)