တရုတ်နိုင်ငံ ၏ မြေတူးစက်ထုတ်လုပ်ရေးလုပ်ငန်း အလားအလာ ကောင်းမွန်လျက်ရှိ

ကျန်းစု၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ မြေတူးစက်ထုတ်လုပ်ရေးလုပ်ငန်း သည် နှစ်စ ကတည်းက အလားအလာ ကောင်းမွန်လျက်ရှိ ကြောင်းသိရသည်။ကျွမ်းကျင်သူများ ၏ အဆိုအရ ထိုသို့ဈေးကွက် ကောင်းရရှိခြင်းမှာပြည်တွင်းပြည်ပ စီးပွားရေး ပြန်လည်ဦးမော့လာသည့် လက္ခဏာပင်ဖြစ်ကြောင်းဆိုသည်။

တရုတ်နိုင်ငံ ယန္တရားများတည်ဆောက်ရေး အဖွဲ့ CCMA မှ အချက်အလက်များအရ ဘဏ္ဍာနှစ် ၏ ၄ပုံ၁ပုံ တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းမြေတူးစက်ထုတ်လုပ်ရေးလုပ်ငန်းများမှ မြေတူးစက်အလုံးရေပေါင်း ၁၂၆,၉၄၁ စင်း ကိုရောင်းချပြီးဖြစ်ရာ နှစ်စဥ်တိုးတက်မှုနှုန်း ၈၅ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။

ထိုကာလအတွင်း ပြည်ပသို့မြေတူးစက်တင်ပို့မှုမှာ အလုံးရေ စုစုပေါင်း ၁၃,၃၇၆ လုံး ရှိရာ နှစ်စဥ် ၈၁.၉ ရာခိုင်နှုန်းအထိတိုးမြင့်ခဲ့သည်။အမှာစာအသစ်များစွာတိုးမြင့်လာပြီးနောက် ဖေဖော်ဝါရီလအတွင်းမြေတူးစက်ရောင်းချရမှုမှာ ၂၈,၃၀၅ လုံးရှိရာ အလားတူကာလထက် အမြင့်ဆုံးစံချိန်အထိရောင်းချနိုင်ခဲ့ကြောင်း CCMA က ဆိုသည်။
ထိပ်တန်းမြေတူးစက်ထုတ်လုပ်ရေးလုပ်ငန်း များထဲမှ တစ်ခုဖြစ်သည့် Xuzhou Construction Machinery Group (XCMG) သည် တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းစုပြည်နယ်တွင်တည်ရှိသည်။အဆိုပါ လုပ်ငန်းမှ ဥရောပ၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျတို့အား မြေတူးစက်များရောင်းချရန် မြေတူးစက် အလုံးပေါင်း ၂၀၀ ကျော်အား စီတန်းကာ အသင့်ပြင်ဆင်ထားသည်ကို ဧပြီ ၂ ရက်က သွားရောက် ရိုက်ကူးခဲ့သည်။
နိုင်ငံနှင့်ဒေသပေါင်း ၁၈၇ ခုအား မြေတူးစက်များကို တင်ပို့ရောင်းချလျက်ရှိရာ Xuzhou ကုမ္ပဏီ၏ စုစုပေါင်းဝင်ငွေမှ ၃၀ % သည် ပြည်ပသို့တင်ပို့ရောင်းချရာမှ ရရှိခြင်းဖြစ်သည်။ (Xinhua)