ရွှေလီမြို့တွင် COVID-19 ကုသရာ၌ တရုတ်ရိုးရာတိုင်းရင်းဆေးအားကျယ်ပြန့်စွာအသုံးပြု

‌ရွှေလီ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြီးခဲ့သည့်မတ်လနှောင်းပိုင်းက COVID-19 ကူးစက်ခံရမှုအသစ်ထပ်မံတွေ့ရှိခဲ့ရာ ရောဂါ ဆိုးဝါးစွာပျံ့နှံ့မှုမရှိစေရန်အစွမ်းကုန် ကုသပေးလျက်ရှိသည်။ရွှေလီတွင် COVID-19 အသစ်ထပ်မံကူးစက်ခံရသူများအတွက် တရုတ်ရိုးရာတိုင်းရင်းဆေးအား အဆင့်မြှင့်တင်ကာ အသုံးပြု ကုသပေးလျက်ရှိသည်။

ဆေးရုံရှိ ဆရာဝန် ၃၀ ကျော်စုပေါင်းကာ တရုတ်ရိုးရာတိုင်းရင်းဆေး ဖော်စပ်ခဲ့ကြသည်။ ဆရာဝန်များသည် တစ်ရက်လျှင် ၁၆ နာရီ တာဝန်ထမ်းဆောင်ကာ နေ့ဆိုင် နှင့် ညဆိုင်း ခွဲကာ ကုသပေးလျက်ရှိသည်။ရွှေလီမြို့တွင် မြို့လုံးကျွတ် နျူကလစ်အက်ဆစ် စစ်ဆေးမှုဒုတိယအကြိမ်ပြုလုပ်ပြီးနောက် COVID-19 ကူးစက်ခံရမှုအတည်ပြုလူနာ အသစ် ၁၈ ဦးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအစိုးရက ပြီးခဲ့သည့် သောကြာနေ့တွင် ဆိုခဲ့သည်။ (Xinhua)