လိုမေ ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
အာဖရိကတိုက်ရှိ ဆင်ဟွာသတင်းဌာနရုံးခွဲများမှ သတင်းထောက်များ ၏ သတင်းစုစည်းဖော်ပြချက် - အာဖရိကတိုက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ ဇန်နဝါရီ ၁၈ ရက် ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အာဖရိကတိုက်၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃,၂၆၂,၂၄၃ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၇၈,၉၁၁ ဦးရှိကာ ပြန်လည်သက်သာလာသူ စုစုပေါင်း ၂,၆၇၆,၈၉၆ ဦး ရှိကြောင်းသိရသည်။ အာဖရိကတိုက်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ အဆက်မပြတ်များပြားလာသောကြောင့် အချို့နိုင်ငံများ က ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။