ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် မြို့တော် ဂျလာလာဘတ်၌ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အသေခံဗုံးခွဲမှုတစ်ခုဟု ယူဆရသည့် ပြင်းထန်သော ပေါက်ကွဲမှု တစ်ရပ် စက်တင်ဘာလ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)

အဘူဂျာ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Nassarawa ပြည်နယ်တွင် စက်တင်ဘာ ၁၅ ရက်က ဆိုးဝါးသည့် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ဂျီးရီးယား နိုင်ငံ ကုန်းလမ်းစီမံခန့်ခွဲမှုဌာနက စက်တင်ဘာ ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ကဘူးလ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါဝန်ပြည်နယ်၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတစ်ခုအတွင်း ပေါက်ကွဲမှု တစ်ခု စက်တင်ဘာလ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောခဲ့သည်။

ကဘူးလ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တွင် လာမည့် ရက်သတ္တပတ်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သမ္မတရွေးကောက်ပွဲ ကျင်းပခါနီးအချိန်တွင် မြို့တော်ဖြစ်သည့် ကဘူးလ်မြို့ ၏ ရဲတပ်ဖွဲ့ခရိုင်၉ တွင် စက်တင်ဘာ ၁၇ရက် က ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Ferdaus Faramarz ကပြောသည်။ (Xinhua)

အန်ကာရာ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တူရကီ၊ရုရှား၊အီရန် သုံးနိုင်ငံ ခေါင်းဆောင်များသည် စက်တင်ဘာ ၁၆ ရက်က တူရကီနိုင်ငံ အန်ကာရာမြို့တွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ပြီး ဆီးရီးယားနိုင်ငံ လုံခြုံရေးပြဿနာကို အဓိကထားဆွေးနွေးခဲ့ကြရာ ဆီးရီယားနိုင်ငံအနောက်မြောက်ပိုင်း အိုင်ဒလစ်ပ်ဒေသတွင် ရေရှည် အပစ်အခတ်ရပ်စဲမှုကို အကောင်အထည်ဖော်သင့်ကြောင်း အလေးနက်ထားပြောခဲ့ကြသည်ဟု သိရသည်။

တီဟီရန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံက မည်သည့် ရာထူးအဆင့်ရှိသည့် ပုဂ္ဂိုလ် နှင့်မဆို အီရန်နိုင်ငံမှ တာဝန်ရှိသူများမှ ဆွေးနွေးမည်မဟုတ်ဟု တညီတညွတ်တည်း ဆန္ဒရှိကြကြောင်း အီရန်နိုင်ငံ အကြီးအကဲခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က စင်တင်ဘာ ၁၇ ရက် တွင်ပြောကြားခဲ့သည်။

တီဟီရန်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ယခင်က ဖမ်းဆီးထိန်းသိမ်းထားသည့် ဗြိတိန် Stena Impero ရေနံတင်သင်္ဘောကို ယခုရက်ပိုင်းများတွင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Abbas Mousavi က စက်တင်ဘာ ၁၆ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျေရုဆလင်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ တွင် စက်တင်ဘာ ၁၇ ရက်နံနက်၌ စတင်ကျင်းပလျက်ရှိသည့် လွှတ်တော်ရွေးကောက်ပွဲ ၏ လျှို့ဝှက်ဆန္ဒမဲပေးခြင်း ရလဒ်သည် အစ္စရေးနိုင်ငံ ၏ ဝန်ကြီးချုပ် သက်တမ်းအရှည်ဆုံးဖြစ်သည့် လက်ရှိ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟူး(Benjamin Netanyahu) ဆက်လက် အာဏာရမရ ကို ထင်ဟပ်စေနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဖိုင်ဇာဘတ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘာဒတ်ခ်ရှန်ပြည်နယ်၌ အာဖဂန်စစ်တပ်ထံ တာလီဘန်စစ်သွေးကြွ ၂၄ ဦး လာရောက်လက်နက်ချခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ဦးက စက်တင်ဘာလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

တီဟီရန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံသမ္မတ ဟန်ဆန်ရိုဟန်နီ(Hassan Rouhani) က အမေရိကန်မူဝါဒများသည် အရှေ့အလယ်ပိုင်းဒေသ၌ ပြဿနာဖြစ်ပွားရန် အဓိကအကြောင်းတရား ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားလိုက်သည်။