ခါတွမ်း၊ မတ် ၂၄ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ အင်ဂျင်နီယာများသည် ဆူဒန်နိုင်ငံ ဒါဖူး အခြေစိုက် ကုလသမဂ္ဂ(UN)-အာဖရိကသမဂ္ဂ(AU)ပူးတွဲအထူးတပ်ဖွဲ့ ဆိုတိုနီစခန်း၏ ပတ်ဝန်းကျင်ရှင်းလင်းရေးနှင့် တည်ဆောက်ရေးလုပ်ငန်း တာဝန်များကို မတ် ၂၂ ရက်က အရည်အသွေးမြင့် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆူဒန်နိုင်ငံရောက် တရုတ်နိုင်ငံ (၁၆) သုတ်မြောက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးမှု ထိန်းသိမ်းရေး အင်ဂျင်နီယာတပ်ဖွဲ့၏ မတ် ၂၃ ရက် ပြောကြားချက်များအရ သိရသည်။

ဘဂ္ဂဒတ်၊မတ် ၂၂ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံအမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့(INIS) မှ အဆင့်မြင့်အရာရှိတစ်ဦးကို ဘဂ္ဂဒတ်မြို့တော်၌ မတ် ၂၁ ရက်တွင် သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့သတင်းအရင်းအမြစ်များက ဆိုသည်။

ဝင်းလ်ဟိုခ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

နမီးဘီးယားနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံမှုကမ်ပိန်းအတွက် အထောက်အကူဖြစ်စေရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးလုပ်ငန်းမှ COVID-19 ကာကွယ်ဆေး ပထမအသုတ် သည် မတ် ၁၆ ရက် မွန်းလွဲပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အစ္စတန်ဘူလ် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ၌ ပြည်သူ ၄ ဒသမ ၂ သန်းကျော်မှာ တရုတ်နိုင်ငံ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင် ကြေညာခဲ့သည်။

ကဘူးလ်၊ မတ် ၁၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် မြို့တော် ဟီရတ်တွင် မတ် ၁၂ ရက်ညပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှင့်အရပ်သားအပါအဝင် လူ(၈)ဦးသေဆုံး ပြီး (၅၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် အစိုးရအရာရှိတစ်ဦးက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးသည် မတ် ၁၂ ရက် ညပိုင်းက ဟီရတ်မြို့ အမှတ် (၁၄) ရဲတပ်ဖွဲ့ဒေသရှိ စစ်ဆေးရေးဂိတ်အနီး ဖောက်ခွဲခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၁) ဦး နှင့် အရပ်သား (၇)ဦး သေဆုံးခဲ့ကြောင်း ၊ ထို့အပြင် ရဲတပ်ဖွဲ့ဝင် (၇)ဦး၊ အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် လူပေါင်း (၅၄)ဦး ဒဏ်ရာရရှိပြီး လူနေအိမ်ခြေ (၁၄)လုံး ပျက်စီးခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tariq Arian က ဆင်ဟွာသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံက COVID-19 နှင့် ဆက်စပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ပါဝင်သော အကူအညီပစ္စည်းများကို ကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန် အီရတ်နိုင်ငံသို့ မတ် ၁၃ ရက်တွင် ပေးပို့ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

 

အစ္စလာမ်မာဘတ်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Balochistan ပြည်နယ်၌ ကျောက်မီးသွေးတွင်းတစ်ခုပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အရာရှိများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဒမတ်စ်ကက်စ် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံသမ္မတဘာရှာ အာဆတ် နှင့် ဇနီး အက်စ်မာအယ်လ်အာဆတ်တို့သည် COVID-19 ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းအေဂျင်စီက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ယာအွန်ဒီ၊မတ် ၉ရက်(ဆင်ဟွာ)

အီကွေတာဂီနီနိုင်ငံမြို့တော် ဘတ်တာမြို့(Bata)၌ ပေါက်ကွဲမှုများဖြစ်ပွားရာ လူပေါင်း ၉၈ ဦး သေဆုံးပြီး အခြား ၆၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒုတိယသမ္မတ Teodoro Nguema Obiang Mangue ၏ ပြောကြားချက်ကို ကိုးကား၍ ကျန်းမာရေးဝန်ကြီးဌာန တွစ်တာလူမှုကွန်ရက်တွင် မတ် ၈ ရက်က ရေးသားဖော်ပြခဲ့သည်။

တီဟီရန်၊ မတ် ၈ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမှတ်(၂၂၃၁)ဆုံးဖြတ်ချက်ကို ဘက်ပေါင်းစုံက လေးစာလိုက်နာကြရန်နှင့် အီရန်နျူကလီးယား ဘက်စုံသဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်ရန် အီရန် သမ္မတ ရိုဟာနီက ဖေဖော်ဝါရီ ၇ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။