တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ယူကရိန်း ခရီးသည်တင် လေယာဉ် ပျက်ကျမှုတွင် လေယာဉ်ပေါ် လိုက်ပါသူ ၁၈၀ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သည်။

တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ကာမန်မြို့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလီမန်နီ (Qassem Soleimani) ၏ ဈာပနအခမ်းအနား၌ လူအုပ်ပိမှုကြောင့် သေဆုံးသူ ၅၆ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း အီရန် အရေးပေါ်အခြေအနေစင်တာ အကြီးအကဲက ပြောကြားခဲ့သည်။

 

တီဟီရန်၊ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

လုပ်ကြံသတ်ဖြတ်ခံရသော အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဆိုလီမန်နီ (Qassem Soleimani) ၏ အသုဘအခမ်းအနားကို ဇန်နဝါရီ ၆ ရက်တွင်ပြုလုပ်ခဲ့ပြီး အီရန်ပြည်သူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထရီပိုလီ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီရှိ စစ်အကယ်ဒမီကျောင်းတစ်ခု ဇန်နဝါရီ ၄ ရက်က လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၂၈ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့သည်ဟု လစ်ဗျား အမျိုးသား ညီညွတ်ရေးအစိုးရ စစ်တပ်က အချင်းပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို လစ်ဗျားအမျိုးသားတပ်မတော်ခေါင်းဆောင်Khalifa Haftarကို ထောက်ခံသော ပြည်ပလေတပ်က  ပြုလုပ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

တီဟီရန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်အနီး၌ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားသည့် အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Qasem Soleimani အတွက် အီရန်ပြည်သူများက ဝမ်းနည်းပူဆွေးခဲ့ကြပြီး နိုင်ငံမြို့တော် တီဟီရန်မြို့၌ ဖယောင်တိုင်းမီးများ ထွန်းညှိကာ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

ဘဂ္ဂဒတ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံထိပ်တန်းတပ်မှူး ဗိုလ်ချုပ် Qasem Soleimani သည် ယနေ့(ဇန်နဝါရီ ၃ ရက်) နံနက်အစောပိုင်းတွင် အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်၌ အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း အီရတ်နိုင်ငံပိုင် ရုပ်သံက သတင်းဖော်ပြခဲ့သည်။

အေသင်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ Limboh ဆိပ်ကမ်းပြင်ပ ရေမိုင် ၂ မိုင် (၃ ဒသမ ၇ ကီလိုမီတာ) တွင် ကျောက်ချရပ်နားနေသော ဂရိနိုင်ငံပိုင် ရေနံတင်သင်္ဘောတစ်စီးကို ပင်လယ်ဓားပြများ တိုက်ခိုက်ခဲ့ကာ သင်္ဘောသား ၈ ဦးကို အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဂရိနိုင်ငံ Shipping ဝန်ကြီးဌာနက ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားလိုက်သည်။

ကိုင်ရို၊ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒီဇင်ဘာ ၂၈ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၂၃ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။