အေဒင်၊ ယီမင်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ယီမင်နိုင်ငံ တောင်ပိုင်း Aden လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသုံးခုကြောင့် သေဆုံးသူအရေအတွက်မှာ ဒီဇင်ဘာ ၃၀ ရက်တွင် ၂၂ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

တီဟီရန်၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီရန် အမျိုးသားလုံခြုံရေး မျဉ်းနီလိုင်းကို ကျော်လွန်လာခြင်းမပြုရန် သက်ဆိုင်ရာနိုင်ငံများကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Khatibzadeh က ဒီဇင်ဘာ ၂၈ ရက်တွင် သတိပေး ပြောကြားလိုက်ကြောင်း Tehran Times သတင်းဖော်ပြချက်များအရ သိရသည်။

ယောင်အွန်ဒေး၊ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ကင်မရွန်းနိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက် နံနက်အစောပိုင်းကဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအတွင်း လူပေါင်း ၃၇ ဦးသေဆုံးပြီး အခြား ၁၉ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။

ရီယာ ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဆော်ဒီအာရေဗျနိုင်ငံ နှင့် တရုတ်နိုင်ငံ Huawei ကုမ္ပဏီ တို့သည် လတ်တလောရက်ပိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားမည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပြီး ရည်ရွယ်ချက်အနေဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးကာ ဆော်ဒီအာရေဗျ နိုင်ငံ ၏ “၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်” ကို အကောင်အထည်ဖော် နိုင်ရန် အတွက် ဖြစ်ကြောင်း သိရသည်။

တူးနစ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တူနီးရှားနိုင်ငံသားအားလုံးအတွက် COVID-19 ကာကွယ်ဆေးများ အခမဲ့ရရှိမည်ဖြစ်ကြောင်း Pasteur Institute ၏ ညွှန်ကြားရေးမှူးချုပ် Hechmi Louzir က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဂျေရုစလမ် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆိုမာလီယာနိုင်ငံ သမ္မတ မိုဟာမက် အဗ္ဗဒူလာဟီ မိုဟာမက် Mohamed Abdullahi Mohamed) နှင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကျေးဇူးအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) မူဘောင်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၁၄ ရက်က ပြောကြားခဲ့သည်။

တီဟီရန် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

အီရန်နိုင်ငံသမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) က အီရန်နျူကလီးယားဆိုင်ရာ ဘက်စုံသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသော နိုင်ငံများ အနေဖြင့် သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ပါက အီရန်နိုင်ငံအနေဖြင့် ယင်းသဘောတူညီချက်တွင် ပါဝင်သော လိုက်နာဆောင်ရွက်ရမည့် ကတိပြုချက်များကို ပြန်လည်လိုက်နာသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံဌာနမှတစ်ဆင့် ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အဘူဂျာ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အာဖရိကနိုင်ငံများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်မှ ပထမသုံးလပတ်တစ်လျှောက်လုံး COVID-19 ကာကွယ်ဆေး ရရှိမည်ဖြစ်ကြောင်း အာဖရိကသမဂ္ဂ (AU) အထူးသံတမန်က ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

တူးနစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တူနီးရှားနိုင်ငံ သမ္မတ Kais Saied က နိုင်ငံ အရှေ့တောင်ပိုင်း Sfax ပြည်နယ်တွင် တရုတ်နိုင်ငံ၏ ငွေကြေးအကူအညီဖြင့် တည်ဆောက်ထားသော တက္ကသိုလ်ဆေးရုံအသစ်ကို ဒီဇင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။