မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်  ရုရှားနိုင်ငံ သမ္မတ ပူတင်၏ အထိမ်းအမှတ်ဆုတံဆိပ် လက်ခံ

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းတို့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ) Asia

ပြုံယမ်း၊ မေ ၆ ရက် (ဆင်ဟွာ) 

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) သည် ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံ၏ စစ်အောင်နိုင်ခြင်း ၇၅ နှစ်မြောက် အခမ်းအနားတွင် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ထံမှ ပေးအပ်သော အထိမ်းအမှတ်ဆုတံဆိပ်ကို လက်ခံရရှိခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် (KCNA) သတင်းဌာနက မေ ၆ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

“၁၉၄၁-၁၉၄၅ အတွင်း ရုရှားနိုင်ငံ၏ ကြီးမားသည့်မျိုးချစ်စိတ်ဖြင့်စစ်ပွဲ အောင်နိုင်ခြင်း” ၇၅ နှစ်မြောက် အထိမ်းအမှတ်ဆုတံဆိပ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို  မေ ၅ ရက်တွင် ပြုံယမ်းမြို့ရှိ မန်ဆူဒဲအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း KCNA က ပြောကြားခဲ့သည်။အဆိုပါ အထိမ်းအမှတ်ဆုတံဆိပ်ကို မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန်းဒါး မတ်ဆီဂိုရာ( Alexandr Matsegora) က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီဆန်ဂွန်း (Ri Son Gwon) ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်ဖြစ်ကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။  (Xinhua)