တရုတ်နိုင်ငံ၏ ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာ ပင်လယ်အော်ဒေသက စင်ကာပူကုမ္ပဏီများအတွက် အဓိက ဈေးကွက်အဖြစ် ရှိနေဆဲဖြစ်

ဟောင်ကောင်-ကျူးဟိုင်-မကာအို ပင်လယ်ဖြတ်ကူးတံတားကြီးအားတွေ့ရစဉ်(ဆင်ဟွာ) Asia

စင်ကာပူ ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံ နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ်တို့သည် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှသည် ပိုမိုခိုင်မာစွာ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ၊ ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသသည် စင်ကာပူကုမ္ပဏီများအတွက် အဓိက ဈေးကွက်ကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဩဂုတ် ၃၁ ရက်က  နှစ်ဖက်ပူးတွဲထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

စင်ကာပူ နှင့် ကွမ်တုံး တို့မှတစ်ဆင့် ဗီဒီယိုရုပ်သံဖြင့် ပြုလုပ်သော ၁၁ ကြိမ်မြောက် စင်ကာပူ-ကွမ်တုံး အတူတကွပူးပေါင်းဆောင်ရွက်မှု ကောင်စီ(SGCC) အစည်းအဝေးအတွင်းကွမ်တုံးပြည်နယ်အုပ်ချုပ်ရေးမှူး Ma Xingrui နှင့် စင်ကာပူနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Ong Ye Kung တို့က ပူးတွဲသဘာပတိအဖြစ် အသီးသီး ဆောင်ရွက်ခဲ့ကြသည်။

နှစ်ဖက်စလုံးက စီးပွားရေး ပြန်လည်ရှင်သန်မှု နှင့် ခိုင်မာအားကောင်းမှုအတွက် ထပ်လောင်းအတည်ပြုခဲ့ကြပြီး ကွမ်တုံး နှင့် စင်ကာပူအကြား ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ရန် နှင့် နှစ်ဖက်သဘာပတိများက နှစ်ဖက်အကြား COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက်ဦးတည်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

နှစ်ဖက်ပူးတွဲထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် COVID-19 ကပ်ရောဂါမှ အစပြု၍ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် စိန်ခေါ်မှုများဖြင့် ကြုံတွေ့နေရကြောင်း ၊ နှစ်ဖက်စလုံးအနေဖြင့် ကပ်ရောဂါထိန်းချုပ်ရေးအတွက် လက်တွဲဆောင်ရွက်မှုကို တွန်းအားပေးလုပ်ဆောင်သွားရန် နှင့် ၎င်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားသင့်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ နှစ်ဖက်စလုံးအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်း ၊ သယ်ယူပို့ဆောင်ရေးချိတ်ဆက်ရွက်မှုကို တိုးမြှင့်ခြင်း ၊ တရုတ်-စင်ကာပူ ခရီးသွားလမ်းကြောင်း အစီအစဉ်အောက်တွင် နှစ်ဖက်ပြည်သူများအကြား အပြန်အလှန်သွားလာမှုကို မြှင့်တင်ခြင်းများ နှင့်အတူ ရှေ့ဆက် သွားသင့်ကြောင်း ဆက်လက်ဖော်ပြထားသည်။

နှစ်ဖက်စလုံးအနေဖြင့် COVID-19 ကပ်ရောဂါ အလွန် ခေတ်သစ်တစ်ခုတွင် ဖွံ့ဖြိုးတိုးတက်ရေး နှင့် အခွင့်အလမ်းသစ်များကို ဆက်လက်ရှာဖွေဖော်ထုတ်သွားသင့်ကြောင်း နှင့် နှစ်ဖက်အပြန်အလှန်ဖွံ့ဖြိုးမှု နှင့် အကျိုးဖြစ်ထွန်းမှုအတွက် စင်ကာပူ-ကွမ်တုံး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆက်လက်တွန်းအားပေးသွားသင့်ကြောင်း ပြောကြားခဲ့သည်။

စင်ကာပူ နှင့် ကွမ်တုံးတို့သည် စီးပွားရေးပြန်ဖွင့်ရန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရမည်ဖြစ်ကြောင်း ၊ စီးပွားရေးပတ်ဝန်းကျင်ကောင်းကို မြှင့်တင်ရမည်ဖြစ်ကြောင်း နှင့် ထုတ်ကုန်ကွင်းဆက် စဉ်ဆက်မပြတ် ချိတ်ဆက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ဖော်ပြထားသည်။

“ ဒါဟာ စင်ကာပူ နဲ့ကွမ်တုံးအကြား ကုန်သွယ်မှု နဲ့ရင်းနှီးမြှုပ်နှံ့မှု တိုးမြှင့်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးသွားရပါမယ်။ အဲဒီအချိန်မှာပဲ လမ်းကြောင်းအားလုံး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ဘယ်သူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမဖြစ်ပေါ်အောင်ဆောင်ရွက်သွားပြီး နှစ်ဖက်စလုံးအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်တစ်ခုအတွက် အတူတကွ လက်တွဲ ဆောင်ရွက်သွားရမှာဖြစ်ပါတယ် ” ဟု ဖော်ပြထားသည်။

ယင်းအစည်းအဝေးအတွင်း စင်ကာပူကုမ္ပဏီများက စီမံကိန်း ၁၅ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။  (Xinhua)