အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၃၈ ဦးထိမြင့်တက်

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ် ဖလော်ရက်စ်တင်မူခရိုင်တွင် ရေကြီးမြေပြိုမှုအတွင်း ထိခိုက်ဒဏ်ရာရသူများအား ရှာဖွေရေး နှင့် ကယ်ဆယ်ရေး(SAR) ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးနေစဉ်(ဆင်ဟွာ) Asia

ဂျကာတာ၊ဧပြီ ၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရေကြီးမှုများနှင့်မြေပြိုမှုများအတွင်း အနည်းဆုံး လူပေါင်း ၁၃၈ ဦးသေဆုံးပြီး အခြား ၆၁ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။

အရှေ့ဖလော်ရက်စ်ခရိုင်တွင် ၆၇ ဦး၊ လမ်ဘာတာခရိုင်တွင် ၃၂ဦး၊ အာလော်ခရိုင်တွင် ၂၅ ဦး၊ မာလာကာခရိုင်တွင် ၄ ဦး၊ ကူပန်ခရိုင်တွင် ၅ ဦး ၊ ဆာဘူရိုင်ဂျွာခရိုင်တွင် ၂ ဦး၊ အန်ဒဲခရိုင် ကူပန်မြို့ နှင့် နဂါဒါခရိုင်တို့တွင် တစ်ဦးစီ အသီးသီးသေဆုံးခဲ့ကြောင်း အေဂျင်စီအကြီးအကဲ Doni Monardo က ပြောကြားခဲ့သည်။

 အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ် ဖလော်ရက်စ်တင်မူခရိုင်တွင် ရေကြီးမြေပြိုမှုအတွင်း ထိခိုက်ဒဏ်ရာရသူများအား ရှာဖွေရေး နှင့် ကယ်ဆယ်ရေး(SAR) ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးနေစဉ်(ဆင်ဟွာ)

“ လမ်ဘာတာ နဲ့ အာလော်ခရိုင်တွေမှာ ကယ်ဆယ်ရေး လုပ်ဆောင်ရတာ အခက်ခဲဆုံးဖြစ်ပါတယ်။ ပိတ်ဆို့နေတဲ့ ကျောက်တုံးကြီးတွေအတားအဆီးတွေကို ဖယ်ရှားဖို့ ကျွန်တော်တို့ဟာ အကြီးစား မြေတူးစက်တွေနဲ့ထရက်စ်ကားတွေကို အသုံးပြုပြီးလုပ်ကိုင်နေရပါတယ်” ဟု Monardo က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဆိုင်ရာအေဂျင်စီက အရှေ့နျူဆာတန်ဂါရာပြည်နယ်တောင်ပိုင်းရှိ Savu ပင်လယ်ထဲတွင် ဧပြီ ၅ ရက်က အမြင့်ဆုံးရောက်ရှိခဲ့သည့် အပူပိုင်း Seroja မုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း ၊ လေပြင်းတိုက်ခတ်ခြင်း နှင့် ၆ မီတာ ခန့်ရှိသည့် ပင်လယ်ဒီလှိုင်းမြင့်များ ဖြစ်ပေါ်ခြင်း စသည့် ဆိုးရွားသည့် ရာသီဥတုအခြေအနေ ဖြစ်ပေါ်လျက်ရှိကြောင်း ဆို
သည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် ရေကြီးမြေပြိုမှုအတွင်း ထိခိုက်ပျက်စီးသွားမြင်ကွင်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိတွင် Seroja မုန်တိုင်းသည် အင်ဒိုနီးရှားပိုင်နက်အတွင်းမှ အပြင်ဘက်သို့ ဦးတည်ရွေ့လျားနေသော်လည်း နိုင်ငံ၏ တောင်ဘက်ပိုင်းရှိ ပြည်နယ်အများအပြားတွင် လာမည့် ရက်အနည်းငယ်ထိ မုန်တိုင်းသက်ရောက်မှုကို ဆက်လက် ခံစားရအုံးမည်ဖြစ်ကြောင်း သိရသည်။

“ ဘာလီ ၊ အနောက်နျူဆာတန်ဂါရာ ၊ အရှေ့ဂျာဗား ၊ ယိုရာကာတာ နဲ့ အလယ်ဂျာဗား ပြည်နယ်တွေမှာနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ ဆက်ပြီးစောင့်ကြည်ရမှာပါ ” ဟု အေဂျင်စီအကြီးအကဲ Dwikorita Karnawati က ဆိုသည်။

Seroja မုန်တိုင်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ အင်ဒိုနီးရှားနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် ၁၀ လုံးမြောက် အပူပိုင်းမုန်တိုင်းတစ်လုံးဖြစ်သည် ။ သို့သော် ၎င်း၏ အရှိန်ကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ရခြင်းသည် အဆိုးရွားဆုံးသဘာဝ ဘေးဒဏ်ဖြစ်ကြောင်း သိရသည်။(Xinhua)

----------------------------------------------
(English Version)
Death toll due to tropical cyclone Seroja in Indonesia's East Nusa Tenggara rises to 138

JAKARTA, April 8 (Xinhua) -- At least 138 people died and 61 others are still missing in flash floods and landslides triggered by tropical cyclone Seroja in Indonesia's East Nusa Tenggara province, the National Disaster Management Agency said on Wednesday.
The agency's head Doni Monardo disclosed that the deaths were reported in East Flores district (67), Alor district (25), Malaka district (4), Lembata district (32), Kupang district (5), Sabu Raijua district (2), and one each in Ende district, Kupang city, and Ngada district.
"The evacuation process is the most difficult measure in Lembata and Alor. We are struggling to mobilize heavy equipment units such as excavators and trucks to move very large boulders," Monardo said.
The Meteorology, Climatology, and Geophysics Agency said such extreme weather as heavy rains, strong winds, and high sea waves of up to 6 meters occurred after the tropical cyclone Seroja was swirled in the Savu Sea, south of East Nusa Tenggara province with a peak on April 5.
Currently, Seroja moves away from Indonesia's territory, but the impact would still be felt in a number of provinces in the southern part of the country for the next a few days.
"Residents in the provinces of Bali, West Nusa Tenggara, East Java, Yogyakarta, and Central Java must watch out," the agency's head Dwikorita Karnawati said.
Seroja is the 10th tropical cyclone hitting Indonesia since 2008 but had the worst impact as it made landfall.
(1-2) Members of Search and Rescue (SAR) team evacuate a victim of flash floods and landslides in Flores Timur district, East Nusa Tenggara, Indonesia. (Basarnas in Maumere/Handout via Xinhua)
3- Photo taken on April 4, 2021 shows the damage of flash flood and landslide in East Nusa Tenggara, Indonesia. (BNPB/Handout via Xinhua)