ဟနွိုင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Bac Ninh ပြည်နယ် တွင် ဇန်နဝါရီ ၃ရက် နံနက်ပိုင်းက ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ်၂ဦးသေဆုံးပြီး လူ ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အာဏာပိုင်များက ကြေညာခဲ့သည်။

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီလ ၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Attock ခရိုင်ရှိ ဆေးရုံတစ်ရုံတွင် ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးကာ အခြားသူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြခဲ့သည်။

ဂျာကာတာ ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ North Kalimantan ပြည်နယ် sesayap မြစ်တွင် ဇန်နဝါရီ ၁ ရက်နေ့၌ ခရီးသည် ၄၃ ဦး လိုက်ပါခဲ့သည့် ခရီးသည်တင် စက်လှေ တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၈ ဦး သေဆုံး ခဲ့ပြီး အများအပြား ပျောက်ဆုံး နေကြောင်း ဒေသတွင်း မီဒီယာ ၏ ဖော်ပြချက်အရ သိရှိရသည်။

ဆိုးလ် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့သော မြောက်ကိုရီးယားနိုင်ငံ(DPRK) ခေါင်းဆောင် ကင်ဂျုံအန်၏ နှစ်သစ်မိန့်ခွန်းကို တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်က ကြိုဆိုလိုက်ကြောင်း သိရသည်။

နယူးဒေလီ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

နာမည်ကျော် အိန္ဒိယ ရုပ်ရှင်မင်းသားကြီး Rajinikanth သည် မကြာမီ ကိုယ်ပိုင် ပါတီထောင်ကာ နိုင်ငံရေးလောကသို့ ဝင်ရောက်မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်က ကြေညာလိုက်သည်။

ဖနွမ်းပင်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီယားနိုင်ငံ Kep ပြည်နယ်ရှိ နာမည်ကျော် ကမ်းခြေတစ်ခုတွင် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ရာ မတော်တဆ မီးလောက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီလ ၁ ရက်တွင် ဖော်ပြထားသည်။