မော်စကို၊ဇန်နဝါရီ၂၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်
ရုရှားနိုင်ငံ၌ အတိုက်အခံများ၏ ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်ခြင်းအတွက် မော်စကိုမြို့ရှိ အမေရိကန်သံရုံးအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းမှာ ရုရှားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များသာဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။