တူရကီ နိုင်ငံ ရှိ တက္ကသိုလ် တစ်ခု တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦး သေဆုံး

တူရကီ နိုင်ငံ ရှိ တက္ကသိုလ် တစ်ခု တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Europe

အန်ကာရာ ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ အနောက်ပိုင်း Eskişehir မြို့ ရှိ တက္ကသိုလ် တစ်ခု ၌ ဧပြီလ ၅ ရက်နေ့တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦး သေဆုံး ခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့် Osmangazi တက္ကသိုလ် ၏ သတင်း ထုတ်ပြန်ချက်အရ သေနတ် ပစ်ခတ်မှု သည် တက္ကသိုလ် ၏ အားကစား ဘာသာရပ် ဌာန တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ သေနတ် ပစ်ခတ်မှုကြောင့် အားကစား ဌာန ဒုတိယ ဌာနမှူး ၊ အတွင်းရေးမှူး နှင့် လက်ထောက် သုတေသီ စသည့် ဆရာ နှင့် ဝန်ထမ်း ၄ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်များတွင် တိုက်ခိုက်ခဲ့သူ မှာ အသက် ၃၇ နှစ်ရှိသည့် ယင်းဌာန မှ အမျိုးသား လက်ထောက် သုတေသီ တစ်ဦး ဖြစ်ကြောင်း ၊ ဧပြီလ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ အချိန်ခန့်တွင် ပစ်ခတ်မှုဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယင်း တိုက်ခိုက်သူ ကို လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ က ဖမ်းဆီး နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ရခြင်း နှင့် ပတ်သက်၍ မသိရှိရသေးကြောင်း ပါဝင် ခဲ့ကြသည်။

သေနတ် ပစ်ခတ်မှုကြောင့် တက္ကသိုလ် အတွင်း ရုန်းရင်းဆန်ခတ်မှု ခေတ္တ ဖြစ်ပွား ခဲ့ပြီး တက္ကသိုလ် အနေဖြင့်လည်း ယင်းနေ့တွင် စီစဉ် ထားသည့် စာမေးပွဲ ကို ဖျက်သိမ်း ခဲ့ကြောင်း သိရှိရသည်။(Xinhua)