ရုရှား နိုင်ငံ Primorsky ကမ်းခြေ ဒေသရှိ နေအိမ် တစ်လုံး မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၆ ဦး သေဆုံး

ရုရှား နိုင်ငံ Primorsky ကမ်းခြေ ဒေသ ရှိ မြို့ တစ်မြို့ အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Europe

ဗလာဒီဗော့စတော့ ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ Primorsky ကမ်းခြေ ဒေသ Ussuriysk မြို့ ရှိ နေအိမ် တစ်လုံးသည် က ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၆ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

Primorsky ကမ်းခြေ ဒေသ စုံစမ်းစစ်ဆေးရေး ဌာန က မီးလောင်မှု ဖြစ်ပွား ပြီးနောက် မီးသတ်တပ်ဖွဲ့ က မီးငြှိမ်းသတ် ပြီးနောက်တွင် လောင်းကျွမ်းခဲ့သော အရွယ်ရောက်ပြီးသူ ရုပ်အလောင်း ၄ ခု နှင့် ကလေး ရုပ်အလောင်း ၁ ခု ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ အမျိုးသား တစ်ဦး အနေဖြင့် မီးလောင်မှု ဖြစ်ပွားချိန်တွင် နေအိမ် မှ ခုန်ချ ခဲ့ရာ သေဆုံး ခဲ့ရကြောင်း ဧပြီလ ၇ ရက်နေ့ ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

Primorsky ကမ်းခြေ ဒေသ စုံစမ်းစစ်ဆေးရေး ဌာန အနေဖြင့် မီးလောင်မှု နှင့်ပတ်သက်၍ အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှု များစတင် ဆောင်ရွက်နေပြီး ကနဦး စစ်ဆေးချက်များအရ မီးလောင်မှု သည် အိမ်အတွင်း ဝါယာရှော့ ဖြစ်ပွား ရာမှ တစ်ဆင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။(Xinhua)