ဆွီဒင်နိုင်ငံတွင် 5G အလိုအလျောက်မောင်းနှင်နိုင်သည့် မော်တော်ယာဉ် စမ်းသပ်ပြေးဆွဲမှုများ ပြုလုပ်  

ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်း မြို့လယ်ခေါင်ရှိ တိရစ္ဆာန်ဥယျာဉ်တွင် 5G အလိုအလျောက် မောင်းနှင်နိုင်သည့် မော်တော်ယာဉ်စမ်းသပ်ပြေးဆွဲနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) Europe

စတော့ဟုမ်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) 

ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်း မြို့လယ်ခေါင်ရှိ တိရစ္ဆာန်ဥယျာဉ်တွင် 5G နည်းပညာသုံး အလိုအလျောက်မောင်းနှင်နိုင်သည့် မော်တော်ယာဉ်စမ်းသပ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ 

ထိုသို့စမ်းသပ်ပြေးဆွဲရာတွင် ယာဉ်အား လိုအပ်ပါက ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ရန် လုံခြုံရေးဝန်ထမ်းတစ်ဦး ထားရှိကြောင်း သိရသည်။ လမ်းပန်းဆက်သွယ်ရေး နှင့် သယ်ယူပို့ဆောင်မှုကဏ္ဍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သည့်  တစ်စိတ်တစ်ပိုင်းအနေဖြင့် 5G အလိုအလျောက်မောင်းနှင်နိုင်သည့်ယာဉ်အား စမ်းသပ်အသုံးပြုခြင်းဖြစ်ပြီး စမ်းသပ်ပြေးဆွဲသည့်ကာလကို နှစ်ပတ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ရာ အောက်တိုဘာ ၈ ရက်တွင် စမ်းသပ်မှုကာလ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)