ဘောလ်တစ်ပင်လယ်ပေါ် ပျံသန်းနေသည့် ဂျာမန်နှင့် အမေရိကန် လေယာဉ်များကို ရုရှားက ကြားဖြတ်ဟန့်တား

ရုရှားနိုင်ငံ Su-27 fighter တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ် (ဆင်ဟွာ) Europe

မော်စကို၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ရုရှားတိုက်လေယာဉ်တစ်စင်းက ဘောလ်တစ်ပင်လယ်ပေါ်တွင် ပျံသန်းနေသော ဂျာမန် စစ်လေယာဉ်တစ်စင်းနှင့် အမေရိကန် စစ်လေယာဉ်တစ်စင်းတို့ကို အောက်တိုဘာ ၂၆ ရက်တွင် ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှား လေပိုင်နက်ထိန်းချုပ်ရေးဌာနက ဘောလ်တစ်ပင်လယ်ပေါ်တွင် ရုရှားနိုင်ငံ နယ်စပ်ဆီသို့ ချဉ်းကပ်ပျံသန်းနေသော လေကြောင်းပစ်မှတ်နှစ်ခုကို ဖမ်းယူတွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ထို့နောက် ရုရှား Su-27 တိုက်လေယာဉ်က အဆိုပါ ပစ်မှတ်လေယာဉ်များနောက် ထပ်ချပ်မကွာလိုက်ပါခဲ့ကြောင်း၊ ယင်းလေယာဉ်နှစ်စင်းမှာ ဂျာမန်လေတပ် P-3C Orion ကင်းလှည့်လေယာဉ်နှင့် အမေရိကန် လေတပ် U-2S ကင်းထောက်လေယာဉ်တို့ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ လေယာဉ်နှစ်စင်းကို ရုရှားနိုင်ငံ နယ်စပ်မှ အဝေးသို့ရောက်ရှိသည့်တိုင်အောင် ရုရှားဂျက်လေယာဉ်က လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း သိရသည်။Su-27 သည် လေကြောင်းပျံသန်းမှုအတွင်း လေပိုင်နက်အသုံးပြုခြင်းအတွက် နိုင်ငံတကာစည်းမျဉ်းများကို တင်းတင်းကြပ်ကြပ် လိုက်နာခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ (Xinhua)