မော်စကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်


ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုဝင်ဘာ ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

လန်ဒန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန်

ဗြိတိန်နိုင်ငံတွင် ဓာတ်ဆီနှင့်ဒီဇယ်ကားသစ်များ ရောင်းချမှုကို ယခင်စီစဉ်ထားသည်ထက်ငါးနှစ်စောပြီး ၂၀၃၀ ပြည့်နှစ်၌ ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

လန်ဒန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူတစ်ဦးနှင့်ထိတွေ့ခဲ့သည်ဟု သတင်းရရှိပြီးနောက် ကွန်ဆာဗေးတစ် ပါတီ လွှတ်တော်အမတ်အချို့ တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိကြောင်း Sky News က နိုဝင်ဘာ ၁၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အလားတူအကြောင်းပြချက်ဖြင့် တစ်ကိုယ်ရေ သီးခြားနေထိုင်လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဘူခါရက် ၊နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Piatra Neamt မြို့ရှိ ဆေးရုံတစ်ခု၏ COVID-19 ရောဂါ အထူးကြပ်မတ်ကုသဆောင်(ICU) ၌ နိုဝင်ဘာ ၁၄ ရက် နှောင်းပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

မော်စကို ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး


နာကော်နို-ကာရာဘတ် (Nagorno-Karabakh) (နာကာ) ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် အရပ်သားများအပါအဝင် လူပေါင်း ၄ ထောင်ကျော်သေဆုံးခဲ့ပြီး ၈ ထောင်ကျော်ဒဏ်ရာရရှိခဲ့ကာ လူပေါင်း သောင်းနှင့်ချီ၍ စစ်ဘေးဒုက္ခဖြစ်ခဲ့ရကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် က နိုဝင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။

ဆော်ပေါ်လို၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ဘရာဇီးနိုင်ငံ တောင်ပိုင်း အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၂ ဦးသည် လိုဏ်ခေါင်းတူးကာ နိုဝင်ဘာ ၁၀ ရက်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပါရီ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဥရောပတိုက်၏ အကြမ်းဖက်တိုက်ဖျက်ရေးအခြေအနေနှင့်ရင်ဆိုင်ဖြေရှင်းရေးနည်းလမ်းများကို အဓိကထားဆွေးနွေးသည့် ဗွီဒီယိုကွန်ဖရင့်တစ်ခုကို ပြင်သစ် သမ္မတ မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့က နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပဲရစ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ပြင်သစ်နိုင်ငံသည် အကြမ်းဖက်ခြိမ်းခြောက်မှု တိုက်ဖျက်ရန် နယ်စပ်ထိန်းချုပ်ရေးတပ်ဖွဲ့များ နှစ်ဆတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သမ္မတ အီမန်နျူရယ် မက်ခရွန်က နိုဝင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ရောမ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ကိုဗစ် ဒုတိယလှိုင်းကို ရင်ဆိုင်ရာတွင် ပို၍တင်းကျပ်သော ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် ရှိကြောင်း အီတလီနိုင်ငံ ဝန်ကြီးချုပ် Giuseppe Conte က နိုဝင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။

ပေကျင်း၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့လယ်ခေါင်တွင် တစ်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု၏ လက်သည်တရားခံသည် အသက် ၂၀ အရွယ် မြောက်မက်စီဒိုးနီးယားလူမျိုး အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ဆီးရီးယားသို့ သွားရောက်၍ IS အစွန်းရောက်အဖွဲ့တွင် ပါဝင်ရန် ကြိုးပမ်းမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရဖူးသူ တစ်ဦးဖြစ်ကြောင်း ဩစတြီးယား သက်ဆိုင်ရာအရာရှိများက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။