ရောမ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီတလီ ဝန်ကြီးချုပ် Giuseppe Conteသည် ဇန်နဝါရီ ၂၆ ရက်က သမ္မတ Sergio Mattarella ထံသို့ နုတ်ထွက်စာ တင်ခဲ့သည်။Giuseppe Conte ဘာကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ပါသလဲ။ ထို့အတွက် မည်သို့ သက်ရောက်မှုမျိုး ဖြစ်ပေါ်လာနိုင်သလဲ။ အီတလီ၏ နိုင်ငံရေးအခြေအနေ မည်ကဲ့သို့သော မရေရာမှုများနှင့် ကြုံတွေ့ရမလဲ။

မော်စကို၊ဇန်နဝါရီ၂၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ရုရှားနိုင်ငံ၌ အတိုက်အခံများ၏ ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်ခြင်းအတွက် မော်စကိုမြို့ရှိ အမေရိကန်သံရုံးအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းမှာ ရုရှားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များသာဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။

ရောမ ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အီတလီစူပါဖလား ဗိုလ်လုပွဲကို ဇန်နဝါရီ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့ရာ ဂျူဗင်တပ်အသင်းကစားသမား စီရော်နယ်ဒို၏ သွင်းဂိုး နှင့် Álvaro Morata ၏ပွဲပြီးဆုံးခါနီ ထပ်ဆောင်းသွင်းဂိုးတို့ဖြင့် နာပိုလီ အသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းပွဲတွင် နာပိုလီ အသင်းခေါင်းဆောင် လိုရန်ဇို က အရေးပါသည့် ပင်နယ်တီတစ်လုံးကို လွဲချော်ခဲ့ကြောင်း သိရသည်။

ဘရပ်ဆဲလ် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး


ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအား ပိုမိုလျင်မြန်စွာ ဆောင်ရွက်သွားပြီး ယခုနှစ် နွေရာသီတွင် အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံမှုပြီးစီးနိုင်အောင် ဆောင်ရွက်သွားကြရန် ဇန်နဝါရီ ၁၉ ရက်၌ ထုတ်ပြန်ခဲ့သည့် အကြံပြုချက်တွင် ဥရောပကော်မရှင်က တိုက်တွန်းပြောကြား ခဲ့သည်။

မော်စကို၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ယုံကြည်မှုရှိသော ဆက်ဆံရေးတစ်ရပ် ထူထောင်ထားခြင်းဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် ပြည်ပခြိမ်းခြောက်မှုများကို အတူတကွ ဆန့်ကျင်နိုင်စွမ်းရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် (Sergei Lavrov) က ဇန်နဝါရီ ၁၈ ရက်က ပြောကြားခဲ့သည်။

မင့်စ်ခ် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
ဘီလာရုစ်နိုင်ငံ ဆက်သွယ်ရေးကုမ္ပဏီက ဇန်နဝါရီ ၁၄ ရက် ၌ တရုတ်နိုင်ငံ ဟွာဝေးကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်၍ တရုတ်-ဘီလာရုစ် စက်မှုဇုန်တွင် 5G အသုံးပြုခြင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်ခဲ့ရာတွင် အောင်မြင်မှုရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပဲရစ် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး


ပြင်သစ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ အခြေအနေသည် ဆက်လက်၍ တည်ငြိမ်မှုမရှိသည့်အတွက် ပိုမိုတင်းကျပ်သည့် ပြည်ဝင်ခွင့် ကန့်သတ်ချက်များကို သတ်မှတ်သွားပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex က ဇန်နဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။

လစ္စဘွန်း ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး


ပေါ်တူဂီနိုင်ငံ လွှတ်တော် က ဇန်နဝါရီ ၁၅ ရက်မှ စတင်ကာ နိုင်ငံတော် အရေးပေါ်အခြေအနေ သက်တမ်း ၁၅ ရက် ထပ်မံ တိုးမြှင့်ရန် အဆိုပြုချက်အား ဇန်နဝါရီ ၁၃ ရက်တွင် အတည်ပြုခဲ့ပြီး ပေါ်တူကီနိုင်ငံ အစိုးရဝန်ကြီများ ကောင်စီ က လည်း ဇန်နဝါရီ ၁၅ ရက် သုညနာရီ မှ စတင်၍ ပေါ်တူဂီ တစ်နိုင်ငံလုံး ဘက်စုံပိတ်ဆို့မှု အခြေအနေ သို့ ပြန်လည်ထားရှိရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။

လန်ဒန်၊ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဗြိတိန်နိုင်ငံဘုရင်မကြီး အယ်လီစဘတ်-၂ နှင့် ကြင်ယာတော် အီဒင်ဘတ်မြို့စား မင်းသားကြီးဖီးလစ်တို့သည် COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ဖော်ပြောကြားခဲ့သည်။

လန်ဒန် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဗြိတိန်နိုင်ငံတွင် တစ်နေ့တစ်ခြား ပိုမိုခက်ခဲစွာရင်ဆိုင်နေရသော COVID-19 ရောဂါ အား တားဆီး နိုင်ရန်အတွက် ဗြိတိန်နိုင်ငံ အင်္ဂလန် နှင့် စကော့တလန် စသည့် ဒေသများတွင် ဇန်နဝါရီ ၄ ရက် ညပိုင်းအချိန်မှ စတင်၍ နေအိမ်ပြင်ပသို့ မထွက်ခွာရ အမိန့်အား ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းမှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အင်္ဂလန်တွင် အကျယ်အပြန့် ဆုံး တတိယ အကြိမ်မြောက် နေအိမ်ပြင်ပမထွက်ခွာရ အမိန့်ထုတ်ပြန်ကြေညာချက်ဖြစ်ကြောင်း သိရှိရသည်။