ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

မကြာမီတွင် ဗြိတိန်နှင့် ချုပ်ဆိုမည့် အနာဂတ်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စာရွက်စာတမ်းလုပ်ထုံးလုပ်နည်းများအရ ခွင့်ပြုလိုက်ပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၎င်းသဘောတူညီချက်ကို ယာယီကျင့်သုံးခွင့်ပြုလိုက်ကြောင်း ဥရောပကောင်စီက ဒီဇင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။

ဇာဂရက်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ခရိုအေးရှားနိုင်ငံ မြို့တော် ဇာဂရက်၏ အရှေ့တောင်ပိုင်း ကီလိုမီတာ ၅၀ ခန့်အကွာရှိ Petrinja မြို့တွင် ဒီဇင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် ည ၁၂:၁၉ နာရီက အင်အား ၆.၄ ပမာဏရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း ဥရောပ-မြေထဲပင်လယ် မြေငလျင်စင်တာ (EMSC) က ပြောကြားခဲ့သည်။

Petrinja မြို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ဒဏ်ရာရရှိခဲ့သည့် လူ ၂၀ ဦးထက်မနည်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အပျက်အစီးများအကြား ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေလျက်ရှိသည်။ ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရသော နေရာများတွင် ပြိုကျနေသည့် ခေါင်မိုးများ၊ အဆောက်အအုံများ၊ ပျက်စီးနေသည့်ကားများ စသည့် ဖရိုဖရဲဖြစ်နေသည့်မြင်ကွင်းများကို သတင်းများက ဖော်ပြထားသည်။

ခရိုအေးရှားနိုင်ငံ Sisak မြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ - Marin Tironi/Pixsell via Xinhua)

“ကျွန်တော်တို့မြို့တော့ လုံးဝပျက်စီးခဲ့ပါတယ်။ ကလေးတစ်ယောက် သေဆုံးသွားတယ်။ ဟီရိုရှီးမားမြို့နဲ့တောင် တူနေတယ်” ဟု Petrinja မြို့တော်ဝန် Darinko Dumbovic က အမျိုးသားရုပ်သံကို ပြောကြားခဲ့သည်။ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ် Andrej Plenkovic ၊ သမ္မတ Zoran Milanovic နှင့် အခြားသောဝန်ကြီးများသည် ငလျင်လှုပ်ခတ်ခဲ့ပြီးမကြာမီ ငလျင်ဗဟိုချက်နေရာသို့ လာရောက်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ကြေကွဲစရာ ဆုံးရှုံးမှုပါ။ ဒီနေရာကို စစ်တပ်၊ ရဲတပ်ဖွဲ့၊ အရပ်ဘက် ကာကွယ်ရေး၊ မီးသတ်ဝန်ထမ်းတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေလည်း ရောက်ရှိနေကြပါပြီ” ဟု Plenkovic က Petrinja မြို့တွင် သတင်းထောက်များကို ပြောခဲ့သည်။

ခရိုအေးရှားနိုင်ငံ အရှေ့တောင်ဘက် ဇာဂရက်မြို့မှ ကီလိုမီတာ ၅၀ ခန့်အကွာအဝေးရှိ Petrinja မြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသည့် အဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ- Luka Stanzl/Pixsell via Xinhua)

ဒီဇင်ဘာ ၂၉ ရက်တွင် လှုပ်ခတ်သော ငလျင်ဗဟိုချက်အနီး၌ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက အင်အား ၅.၂ ရှိသော ငလျင်လှုပ်ခတ်သေးခဲ့သော်လည်း သေဆုံးသူမရှိခဲ့ပေ။ ဒီဇင်ဘာ ၂၉ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကို နိုင်ငံတစ်ဝန်းလုံးတွင် သိရှိခံစားခဲ့ရသည်ဟု ဆိုသည်။ ငလျင်လှုပ်ခတ်မှုကြောင့် လမ်းပေါ်သို့ လူအများအပြား ထွက်လာကြပြီး ၎င်းတို့အနက် အမြောက်အများမှာ မြို့ကိုစွန့်ခွာရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ အစိုးရအနေဖြင့်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မကြာသေးမီက ချမှတ်ထားသော ကောင်တီများအကြား ခရီးသွားလာခွင့်ပိတ်ပင်မှုကို ဖျက်သိမ်းပေးခဲ့ကြောင်း သိရသည်။

ခရိုအေးရှားနိုင်ငံ အရှေ့တောင်ဘက် ဇာဂရက်မြို့မှ ကီလိုမီတာ ၅၀ ခန့်အကွာအဝေးရှိ Petrinja မြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသည့် အဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ- Luka Stanzl/Pixsell via Xinhua)

ဒီဇင်ဘာ ၂၉ ရက်တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် Petrinja မြို့မှ ကီလိုမီတာ ၅၀ ခန့်အကွာအဝေးတွင်ရှိသော မြို့တော်ဇာဂရက်၌လည်း ပျက်စီးမှုများဖြစ်ပွားခဲ့သည်။ ဇာဂရက်မြို့တော်တွင် မတ်လက ၅.၃ ပမာဏရှိသော ငလျင် လှုပ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခရိုအေးရှားနိုင်ငံ အရှေ့တောင်ဘက် ဇာဂရက်မြို့မှ ကီလိုမီတာ ၅၀ ခန့်အကွာအဝေးရှိ Petrinja မြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးများကို ရှင်းလင်းနေသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ- Zeljko Lukunic/Pixsell via Xinhua)

နောက်ဆုံးလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အိမ်နီးချင်း ဆလိုဗေးနီးယားနိုင်ငံအနီးရှိ Krsko နျူးကလီးယားစွမ်းအင်စက်ရုံကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိတ်ထားခဲ့သည်။ အဆိုပါစက်ရုံသည် Petrinja မြို့၏အနောက်မြောက်ဘက် ၈၀ ကီလိုမီတာခန့် တွင် တည်ရှိသည်။

စက်ရုံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်ရုံပိတ်ခြင်းသည် ပြင်းထန်သည့် ငလျင်တစ်ခုလှုပ်ခတ်စဉ်အတွင်း ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ကြောင်း ဒေသတွင်းမီဒီယာကို ပြောခဲ့သည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဥရောပသမဂ္ဂ (EU) အနေဖြင့် ခရိုအေးရှားနိုင်ငံကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ “ကျွန်မတို့ ပံ့ပိုးပေးဖို့ အသင့်ပါပဲ၊ ခရိုအေးရှားနဲ့အတူ ရပ်တည်ပါတယ်” ဟု ဒီဇင်ဘာ ၂၉ ရက်တွင် ၎င်း၏ တွစ်တာတွင် ရေးသားခဲ့သည်။ (Xinhua)

-----------------------------------------
(English Version)

6.4-magnitude quake jolts central Croatia

ZAGREB, Dec. 29 (Xinhua) -- A strong 6.4 magnitude earthquake jolted Petrinja, a small city about 50 km southeast of the Croatian capital Zagreb, at 12:19 p.m. local time (1119 GMT) on Tuesday, the European-Mediterranean Seismological Centre (EMSC) said.
Five people were killed in the Petrinja quake, local police confirmed. At least 20 injured people have been hospitalized and a rescue team is searching for people trapped in the rubble. Media reports showed chaotic scenes of collapsed roofs, buildings and smashed cars in the affected area.
"My town has been completely ruined. We have a dead child. It cannot be described. This is like Hiroshima," Petrinja Mayor Darinko Dumbovic told national television.
Prime Minister Andrej Plenkovic, President Zoran Milanovic and other ministers visited the epicenter shortly after the quake hit the country.
"We are sorry. This is a tragedy. The army is here and the police, civil protection, firefighters, emergency medical services are arriving," Plenkovic told reporters in Petrinja.
On Monday morning, the area near the epicenter of Tuesday's quake was hit by a 5.2 magnitude earthquake, but there were no casualties. Tuesday's earthquake was felt throughout the country. People ran out into the streets and many of them decided to leave the city. The government has abolished a ban on travel between the counties that was recently introduced due to the coronavirus outbreak.
Tuesday's quake caused damage in the capital Zagreb, which is around 50 kilometers from Petrinja. In March, Zagreb was hit by a 5.3 magnitude earthquake, which killed one person and injured 30.
In the wake of the latest earthquake, the Krsko nuclear power plant in neighboring Slovenia was shut down as a precaution. The plant is located roughly 80 km northwest of Petrinja.
A spokesperson for the plant told local media that it was a normal procedure during such a strong earthquake.
European Commission President Ursula von der Leyen said that the European Union (EU) will support Croatia. On Tuesday she tweeted: "We are ready to support... We stand with Croatia." Enditem
1- A damaged vehicle is seen after an earthquake in Sisak, Croatia, on Dec. 29, 2020. A strong 6.4 magnitude earthquake jolted Petrinja, a small city about 50 km southeast of the Croatian capital Zagreb, at 12:19 p.m. local time (1119 GMT) on Tuesday, the European-Mediterranean Seismological Centre (EMSC) said. (Marin Tironi/Pixsell via Xinhua)
2- Damaged vehicles are seen after an earthquake in Sisak, Croatia, on Dec. 29, 2020. A strong 6.4 magnitude earthquake jolted Petrinja, a small city about 50 km southeast of the Croatian capital Zagreb, at 12:19 p.m. local time (1119 GMT) on Tuesday, the European-Mediterranean Seismological Centre (EMSC) said. (Marin Tironi/Pixsell via Xinhua)
3- Destroyed buildings are seen after an earthquake in Petrinja, a small city about 50 km southeast of Zagreb, Croatia, on Dec. 29, 2020. A strong 6.4 magnitude earthquake jolted Petrinja at 12:19 p.m. local time (1119 GMT) on Tuesday, the European-Mediterranean Seismological Centre (EMSC) said. (Luka Stanzl/Pixsell via Xinhua)
4- Destroyed buildings are seen after an earthquake in Petrinja, a small city about 50 km southeast of Zagreb, Croatia, on Dec. 29, 2020. A strong 6.4 magnitude earthquake jolted Petrinja at 12:19 p.m. local time (1119 GMT) on Tuesday, the European-Mediterranean Seismological Centre (EMSC) said. (Luka Stanzl/Pixsell via Xinhua)
5- Workers clear debris after an earthquake in Petrinja, a small city about 50 km southeast of Zagreb, Croatia, on Dec. 29, 2020. A strong 6.4 magnitude earthquake jolted Petrinja at 12:19 p.m. local time (1119 GMT) on Tuesday, the European-Mediterranean Seismological Centre (EMSC) said. (Zeljko Lukunic/Pixsell via Xinhua)

ဘရပ်ဆဲလ် ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)  ဘာသာပြန်/စိုးမိုး

ဥရောပကော်မရှင်က အပြင်းအထန် ဆွေးနွေးမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးနောက်တွင် အီးယူ နှင့် ဗြိတိန်နိုင်ငံတို့က  ကုန်သွယ်ရေးအပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ပြီး ယခင်စီစဉ်ထားသည့် အစီအစဉ်အတိုင်း ၂၀၂၀ ပြည့်နှစ် ပြီးဆုံးချိန်တွင် ဗြိတိန်နိုင်ငံ အီးယူမှ နုတ်ထွက်ရန်အတွက် အသွင်ကူးပြောင်းမှုကာလ အတွင်း အတားအဆီးများကို ဖယ်ရှားပေးနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မင့်စ်ခ် ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ က ဘီလာရုစ် နိုင်ငံမှအချို့သော နိုင်ငံသားများ နှင့် လုပ်ငန်းရှင်များအပေါ် အရေးယူပိတ်ဆို့မှုဆောင်ရွက်ခဲ့သဖြင့် ဘီလာရုစ်နိုင်ငံ အနေဖြင့် တန်ပြန်အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘီလာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၂၄ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။

လန်ဒန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ဗြိတိန်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ဗီဇသစ်နှစ်မျိုး တွေ့ရှိသဖြင့် နိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ဒေသအတော်များများကို သတိပေးအဆင့်အမြင့်ဆုံးဖြစ်သော ကန့်သတ်ချက်အဆင့် ၄ သို့ ထည့်သွင်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ် (Matt Hancock) က ဒီဇင်ဘာ ၂၃ ရက်၌ ကြေညာခဲ့သည်။

ပဲရစ် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပြင်သစ်နိုင်ငံသတင်းမီဒီယာများ၏ ဒီဇင်ဘာ ၂၂ ရက် ဖော်ပြချက်အရ ယခုအကြိမ်ဖွင့်လှစ်ခဲ့သည့် ယူရို သန်း ၂၀၀ တန်ဖိုးရှိ ထီဆုကြီးကို ပြင်သစ်နိုင်ငံသား တစ်ဦး က ဆုမဲပေါက်ခဲ့ကြောင်း နှင့် ယင်းထီပေါက်သူက ဆုကြေးငွေ၏ အစိတ်အပိုင်းအချို့ကို ဖောင်ဒေးရှင်းတစ်ရပ်ထူထောင်ကာ ကျန်းမာရေးဆိုင်ရာဝန်ထမ်း နှင့် ဆေးရုံများကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပဲရစ် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပြင်သစ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၅,၆၇၄ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၂,၄၄၂,၉၉၀ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၆၁၀ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၆ သောင်းကျော်အထိ ရောက်ရှိလာခဲ့ကာ အတိအကျအားဖြင့် ၆၀,၂၂၉ ဦးဖြစ်ကြောင်း ပြင်သစ်နိုင်ငံအစိုးရ၏ ဒီဇင်ဘာ ၁၈ ရက် ၌ ထုတ်ပြန်ကြေညာချက်သည့် အချက်အလက်များအရ သိရှိရသည်။

လီမာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ပီရူးနိုင်ငံ အစိုးရသည် စေတနာ့ဝန်ထမ်းတစ်ဦး ဖျားနာမှုလက္ခဏာကို ဖြေရှင်းပြီးနောက် China National Pharmaceutical Group သို့မဟုတ် Sinopharm မှထုတ်လုပ်သော COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများ ပြန်လည်စတင်ရန် ခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Pilar Mazzetti က ပြောကြားခဲ့သည်။

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံသည် အောက်တိုဘာလအထိ ဥရောပသမဂ္ဂ (EU) ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း Eurostat က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ပဲရစ် ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပြင်သစ်နိုင်ငံဝန်ကြီးချုပ်Jean Castex က ပြင်သစ်နိုင်ငံအနေဖြင့် ဒီဇင်ဘာလ ၏ နောက်ဆုံးအပတ်မှစတင်၍ COVID-19 ရောဂါ ကာကွယ်ဆေးသစ် စတင်ထိုးနှံပေးမည့် ပထမအဆင့် လုပ်ငန်းကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။