ဘာလင်၊ မေလ ၈ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်း အာချဒ်(Aichach)မြို့ မီးရထားဘူတာအနီးတွင် မေလ ၇ ရက်နေ့ က ရထားနှစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူအမြောက်အမြားရှိခဲ့ကြောင်း သိရှိရသည်။

ရီယိုဒီဂျေနေးရိုး၊ မေ ၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ တောင်ပိုင်း ပါရာနာပြည်နယ်တွင် မေလ ၅ ရက် အစောပိုင်းက ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစ်စီးနှင့် ကားတစ်စီး တိုက်မိခဲ့ရာ ခေါင်းချင်းဆိုင် တိုက်မိခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးကြောင်း အဝေးပြေးလမ်းမကြီး ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အော့တဝါ၊ မေ ၅ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ Ontario ပြည်နယ်တစ်လျှောက်၌ မေလ ၄ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးမုန်တိုင်း တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦးသေဆုံးကာ လူနေအိမ်ခြေ ၂၀၀,၀၀၀ လုံးနီးပါး လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

စတော့ဟုမ်းမ်၊ မေ ၄ ရက် (ဆင်ဟွာ)

ယခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု (Nobel Prize) ဆွတ်ခူးနိုင်သူ မရှိကြောင်း ဆွစ်ဇလန် တက္ကသိုလ်က မေလ ၄ ရက်က ကြေညာခဲ့သည်။

လန်ဒန်၊ မေ ၃ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ မြောက်ပိုင်းတွင် မေလ ၃ ရက်တွင် ပွဲတော်တစ်ခုကျင်းပနေစဉ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လန်ဒန် ၊ မေ ၂ ရက်(ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အနောက်မြောက်ပိုင်း၌ မေ ၂ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း သိရသည်။(Xinhua)

အန်ကာရာ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

တူရကီအရှေ့တောင်ပိုင်း Adiyaman ပြည်နယ်တွင် ဧပြီလ ၂၄ ရက် နံနက်ပိုင်းက အင်အား ၅.၁ အဆင့်ရှိ ငလျင်လှုပ်ပြီးနောက် လူ ၃၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၃၅ ဦးမှာ ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်းနှင့် ဒဏ်ရာပြင်းထန်မှု မရှိကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

တိုရန်တို၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ တိုရန်တိုမြို့ မြောက်ပိုင်းရှိ ဆင်ခြေဖုန်းရပ်ကွက်တွင် ဧပြီလ ၂၃ ရက်က လူအုပ်အတွင်းသို့ ဗင်ကား တစ်စီးဖြင့် ဝင်တိုက်ခဲ့ခြင်းကြောင်း ဒဏ်ရာရပြီး သေဆုံးသူ အရေအတွက်မှာ ၁၀ ဦးအထိ ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

လန်ဒန် ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ တော်ဝင်မင်းသား ဝီလီယံ နှင့် ကိန်းဘရစ်မြို့စား ကြင်ယာတော် ကက်သရင်းတို့သည် ၄င်တို့၏ တတိယမြောက် ရင်သွေးတစ်ဦးကို ဧပြီ ၂၃ ရက်တွင် လန်ဒန်မြို့ရှိ စိန့်မယ်ရီဆေးရုံ၌ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းသားတော်အား အများပြည်သူတို့တွေ့မြင်ခွင့်ရစေရန် မင်းသား နှင့် ကြင်ယာတော်တို့က ဆေးရုံပြင်ပ၌ ထုတ်ဖော် ပြသပေးခဲ့သည်။

တူးနစ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ တွင် ဧပြီ ၂၁ရက် နံနက်အစောပိုင်းက မြူနှင်းများ ထူထပ်စွာကျဆင်းနေမှုကြောင့် ကား ၂၅စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနကဖော်ပြခဲ့သည်။