လန်ဒန် ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် ဧပြီ ၂ဝ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန် FA ဖလားအကြိုဗိုလ်လုပွဲစဉ်တစ်ခုဖြစ်သော မန်ချက်စတာယူနိုက်တက်အသင်း နှင့် တော့တင်ဟမ်ဟော့စပါးအသင်းတို့၏ ပွဲစဉ်တွင် မန်ယူအသင်းက ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ဗိုလ်လုပွဲစဉ်သို့တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

လန်ဒန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အဖွဲ့ဝင်နိုင်ငံ ၅၃ နိုင်ငံပါဝင်သော အဖွဲ့အစည်း၏ အကြီးအကဲအဖြစ် ဗြိတိန်နိုင်ငံ ဝေးလ်စ်မင်းသား ချားလ်စ် (Charles) အား ဆက်ခံစေရန် ရွေးချယ်မည်ဖြစ်ကြောင်း ဓနသဟာယ ခေါင်းဆောင်များက သဘောတူခဲ့ကြောင်း သိရသည်။

ဗီယင်နာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

သြစတြီးယားနိုင်ငံ Salzburg မြို့ရှိ ဘူတာရုံကြီး၌ ဧပြီလ ၂၀ ရက်က ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၅၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အန်ကာရာ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ လွှတ်တော် က လက်ရှိ နိုင်ငံတော်အရေးပေါ်အခြေအနေကာလအား ၃လထပ်မံတိုးမြှင့်ရန် ဧပြီ ၁၈ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

မော်စကို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံစစ်လက်နက်ထုတ်လုပ်ရေးက နိုင်ငံ၏ လက်နက်ကိုင်အဖွဲ့များအတွက် ပထမသုံးလပတ်အတွင်း မျှော်မှန်းထားသည်ထက် စစ်လက်နက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Yuri Borisov က ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ပါရီ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်း က ပြင်သစ်တပ်ဖွဲ့သည် ဆီးရီးယားနိုင်ငံ ရှိ လျှို့ဝှက်ဓာတုလက်နက်တိုက် ကို ပစ်မှတ်ထားသော စစ်ဆင်ရေးအတွင်း အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့ နှင့် ဧပြီ ၁၃ရက် ညပိုင်းတွင် ချိတ်ဆက်ပူးပေါင်းခဲ့ကြောင်း ဧပြီ ၁၄ရက် အစောပိုင်းတွင် ထုတ်ပြန်သော တရားဝင်ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။

ဗလာဒီဗိုစတော့ခ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း ရှိ Khabarovsk မြို့ တွင် Mi-8 ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လူ ၆ဦးသေဆုံးကြောင်း ရုရှားနိုင်ငံ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ဧပြီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။

မော်စကို ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ လေတပ်စခန်း တစ်ခု ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ခံခဲ့ရပြီး နောက်တွင် ဧပြီလ ၉ ရက်နေ့၌ ရုရှား နိုင်ငံ အစိုးရ အရာရှိ များက ဆီးရီးယား နိုင်ငံ ပြည်တွင်းရေး နှင့် မသက်ဆိုင်သော နိုင်ငံ များအနေဖြင့် ဝင်ရောက်စွက်ဖက်မှုများမပြုလုပ်ကြရန် နှင့် ဆီးရီးယား နိုင်ငံ ၏ ရပ်တည်မှု ကို လေးစားကြရန် ပြောကြား ခဲ့ကြသည်။

ဖရန့်ခ်ဖာ့တ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်ပိုင်း Muenster မြို့ဟောင်း၌ လူအုပ်အတွင်းသု့ိ ဗင်ကားတစ်စီးဖြင့် ဝင်တိုက်မှုကြောင့် လူသတ်သမား အပါအဝင် လူ ၃ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း North Rine-Westphalia ပြည်နယ် ပြည်ထဲရေးဝန်ကြီး Herbert Reul က ဧပြီ ၇ရက်ညတွင် မီဒီယာသို့ပြောကြားခဲ့သည်။

အော့တဝါ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အနောက်တောင်ပိုင်း Saskatchewan ပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်တွင် အငယ်တန်း ဟော့ကီကစားသမား အဖွဲ့တစ်ဖွဲ့အား တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီးနှင့် ထရပ်ကား တစ်စီးတို့ ယနေ့ (ဧပြီလ ၇ ရက်) တိုက်မိခဲ့ရာ လူ ၁၄ ဦး သေဆုံးပြီး အခြားသူ တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြထားသည်။