တူရင်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ တူရင်းမြို့၌ ဧပြီလ ၃ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော UEFA ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တစ်ခု၏ အိမ်ရှင် ဂျူဗင်တပ်အသင်း နှင့် ရီယဲလ်မက်ဒရစ်အသင်းတို့၏ ပထမအကြော့ပွဲစဉ်တွင် ရီယဲလ်မက်ဒရစ်အသင်းက ၃ ဂိုး - ဂိုး မရှိဖြစ် အနိုင်ရခဲ့ကြောင်း သိရသည်။

ဗလာဒီဗော့စတော့ ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ Kemerovo ပြည်နယ် မြို့တော် တွင် ဖြစ်ပွား ခဲ့သည့် ကုန်တိုက် မီးလောင်မှုကြောင့် လူအများ သေဆုံးဒဏ်ရာ ရရှိခဲ့ပြီး ဧပြီလ ၁ ရက်နေ့၌ ယင်းပြည်နယ် ၏ ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်သူ Aman Tuleev က ရာထူး မှ နှုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ပဲရစ် ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ Auvergne-Rhône-Alpes ဒေသ အစိုးရ က မတ်လ ၃၁ ရက်နေ့ ၌ ထုတ်ပြန် ခဲ့သည့် သတင်းကြေညာချက်အရ Rhône ပြည်နယ် Neuville-sur-Saône မြို့ ရှိ အပန်းဖြေ ကစားကွင်း တစ်ခု တွင် စက်ချို့ယွင်း၍ မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁ ဦး သေဆုံး ခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

မော်စကို၊မတ်လ ၃၁ (ဆင်ဟွာ)

အမေရိကန်နိုင်ငံနှင့်အနောက်အုပ်စုဝင်နိုင်ငံအစိုးရများ၏မကြာမီကရုရှားနိုင်ငံအပေါ်ရန်လိုသည့်အရေး ယ ူဆောင်ရွက်မှုများအား တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံအစိုးရက နိုင်ငံတွင်း တာဝန်ထမ်းဆောင်နေ သည့်အဆိုပါနိုင်ငံ ၂၃ နိုင်ငံမှ သံအမတ်များကို နှင်ထုတ်ကြောင်း မတ်လ ၃၀ ရက်က ရုရှားအစိုးရ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါသည်။

မော်စကို ၊ မတ်လ ၃၀ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က မတ်လ ၂၉ ရက်နေ့၌ ရုရှား နိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီး Jon Meade Huntsman အား ခေါ်ယူတွေ့ဆုံခဲ့ပြီး ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ သံတမန် ဆိုင်ရာ ဝန်ထမ်းပေါင်း ၆၀ ကို ပြန်လည်ထွက်ခွာစေရန် နှင့် Saint Petersburg ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး ကို ပိတ်သိမ်းရန် ပြောကြားခဲ့သည်။

ရောမ ၊ မတ်လ ၂၉ရက်(ဆင်ဟွာ)

IS အစွန်းရောက်အဖွဲ့အစည်းနှင့်ပတ်သတ်နေသည့် မော်ရိုကို အမျိုးသားတစ်ဦးကို မတ်လ ၂၈ ရက်နေ့က အီတလီမြောက်ပိုင်း တူရင်းမြို့တွင် ဖမ်းဆီးခဲ့ပါသည်။

ဗီယင်နာ ၊ မတ်လ ၂၉ရက်(ဆင်ဟွာ)

အမေရိကန်၏ ကိုယ်ကျိုးစီးပွားကာကွယ်မှုမူဝါဒများက နိုင်ငံတကာ စီးပွားရေး ဆက်ဆံရေးကို ဆိုးဝါးစေသလို အီးယူနိုင်ငံများကိုလည်း ဂယက်ရိုက်ခတ်သည်ဟု သြစတြီးယားကုန်သည်ကြီးများအသင်း၏ ဒုတိယ ဥက္ကဋ္ဌ Christoph Matznetterက ဆိုသည်။

အော့တာဝါ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ တိုရန်တို ပီရာဆန်လေဆိပ် တွင် ကိုကင်းများအား ကော်ဖီအဖြစ် အသွင်ပြောင်း၍ သယ်ဆောင်လာသည့် ဂျမေကာနိုင်ငံမှ လူ ၂ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကနေဒါနိုင်ငံ နယ်စပ်ရေးရာဌာန (CBSA) က မတ် ၂၈ရက်တွင်ပြောကြားခဲ့သည်။

အန်ကာရာ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ နှင့် ရုရှားနိုင်ငံသမ္မတ တို့သည် လာမည့် ဆီးရီးယားဆိုင်ရာ သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ နှင့် ပတ်သက်၍ မတ် ၂၇ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက ဖော်ပြခဲ့သည်။

ဗလဒီဗော့စတော့ခ် ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ၊Krasnoyarskနယ်စပ်လုံခြုံရေးဌာနက အကြမ်းဖက်အဖွဲ့အစည်းပုန်းလျှိုး နေသည့် နေရာတစ်ခုအား မတ်လ ၂၇နေ့တွင် တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး အကြမ်းသမား ၉ ဦး အား ဖမ်းဆီးခဲ့ ကြောင်း သိရှိရသည်။