တီရာနာ ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က ဒီဇင်ဘာ ၉ ရက် တွင် အယ်လ်ဘေးနီးယား နိုင်ငံ ကြက်ခြေနီ အသင်း ထံသို့ ငလျင် အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွက် လူသားချင်း စာနာထောက်ထားမှု အရေးပေါ် ကူညီထောက်ပံ့မှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ လှူဒါန်းပေး ခဲ့ကြောင်း သိရှိရသည်။

ဟဲလ်ဆင်ကီး ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ဖင်လန်နိုင်ငံတွင် ၅ ပါတီညွန့်ပေါင်းအစိုးရဖွဲ့ရာတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ(SDP) ကအသက် ၃၄ နှစ်အရွယ် ဆန်နာမာရင်း(Sanna Marin) အား နိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

ပဲရစ် ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ တွင် ဒီဇင်ဘာ ၅ ရက် ၌ တစ်နိုင်ငံလုံး အတိုင်းအတာ အကြီးစား ဆန္ဒပြမှု ဖြစ်ပွား ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အားလုံးနီးပါး ရပ်တန့်သွား ခဲ့ကာ အကြမ်းဖက် ဆန္ဒပြသူ အချို့ နှင့် ရဲတပ်ဖွဲ့ တို့ က တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သည်။ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ လူပေါင်းရာကျော် အား ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။

ပါရီ ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

ဘာဆီလိုနာအသင်းတိုက်စစ်မှူး အာဂျင်တီးနားနိုင်ငံသား လီယွန်နယ်မက်ဆီ(Lionel Messi) သည် ဒီဇင်ဘာ ၂ ရက်တွင်၂၀၁၉ ခုနှစ် ရွှေဘောလုံးဆု(Ballon d’Or) ဆုကိုထပ်မံ ဆွတ်ခူးခဲ့ရာ ၎င်းသည် ၆ ကြိမ်မြောက် ရွှေဘောလုံးဆုရှင်အဖြစ် အများဆုံးစံချိန်တင် နိုင်ခဲ့ကြောင်း သိရသည်။

တီရန်နာ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

အယ်လ်ဘေးနီးယားနိုင်ငံ၌ နိုဝင်ဘာ ၂၆ ရက်တွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်ရေး နှင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းကို နိုဝင်ဘာ ၃၀ ရက်တွင် အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း နှင့် စုစုပေါင်း သေဆုံးသူ ၅၁ ဉီးရှိကြောင်း ဝန်ကြီးချုပ် Edi Rama က ဆိုသည်။

မော်စကို၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

၂၀၂၅ ခုနှစ်မတိုင်မီ ရုရှားက တိုက်ခိုက်ရေးတွင်အသုံးပြုနိုင်မည့် စက်ရုပ်လူသားတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ရန်  ပြင်ဆင်နေကြောင်း နိုဝင်ဘာ ၂၃ ရက် ရုရှားမီဒီယာ သတင်းများအရ သိရသည်။

ခါပယ်လ်ဂျီနား၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ  Pan-european 5C စင်္ကြံ အဝေးပြေးလမ်းမကြီး ၊Čapljina စီမံကိန်းအား China State Construction Engineering Corporation (CSCEC)နှင့် Power Construction Corporation of China(POWERCHINA)မှ နိုဝင်ဘာ ၂၂ ရက်မှစ၍ စတင်တာဝန်ယူတည်ဆောက်ပေးပြီဖြစ်ကြောင်း သိရသည်။

အန်ကာရာ ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)

အကယ်၍ အမေရိကန်အနေဖြင့် F-35 ဂျက်တိုက်လေယာဉ်များ လွှဲပြောင်းပေးအပ်ရန် စဉ်းစား တွေးတောနေအုံးမည်ဆိုပါက တူရကီသည် ၎င်း၏ ကာကွယ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် “ မည်သည့်ဖက် ကိုမဆို မျက်နှာမူ” ဆက်ဆံသွား ရလိမ့်မည်ဖြစ်ကြောင်း တူရကီနိုင်ငံသမ္မတ အာဒိုဂန်က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ပါရီ၊နိုဝင်ဘာ ၁၇ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံအတွင်းရှိ ပါရီ ၊ နမ့်းနှင့် လိုင်ယွန်စသည့် မြို့များတွင် နိုဝင်ဘာ ၁၆ ရက်က အဝါရောင်ရောင်ပြန်အင်္ကျီဝတ်ဆန္ဒပြ လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ရာ ပါရီ ရဲတပ်ဖွဲ့က အကြမ်းဖက် ဆန္ဒပြသူ ၁၄၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဗင်းနစ် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ၏ ကမာ္ဘကျော် ရှေးဟောင်းမြို့တော်ကြီးဖြစ်သော ဗင်းနစ်မြို့ ၌ ယခုရက်သတ္တပတ်အစောပိုင်းမှ စတင်ကာ ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ အာဏာပိုင်များက နိုဝင်ဘာ ၁၆ ရက်တွင် အရေးပေါ်အခြေအနေကြေညာလိုက်ကြောင်း သိရသည်။(Xinhua)