ဘိုဂိုတာ ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ အနောက်မြောက်ပိုင်း Antioquia ပြည်နယ် တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ က ဧပြီလ ၁၁ ရက်နေ့၌ ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရာသဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ရီယိုဒီဂျနေရိုး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဧပြီ ၁၁ရက်တွင် အကျဉ်းသားများက ထောင်ဖောက်ရန် ကြိုးပမ်းခဲ့ကြပြီးနောက် အနည်းဆုံး လူ ၂၀ဦး အသတ်ခံရကြောင်း တာဝန်ရှိသူ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ရီယိုဒီဂျနေးရိုး၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ဧပြီလ ၇ ရက်က ဒုစရိုက်အဖွဲ့တစ်ခုအား ဖြိုခွင်းခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၁၄၂ ဦး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ကရာကက်စ်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အလယ်ပိုင်း Valencia မြို့က ရဲစခန်းတစ်ခုရှိ ရဲအချုပ်အတွင်း အဓိကရုဏ်းနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆၈ ဦး သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံ တာဝန်ရှိသူများက မတ်လ ၂၈ ရက်က ပြောကြားလိုက်သည်။

ကီဒို ၊ မတ်လ ၂၅ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အနောက်ဘက်ရှိ ပင်လယ်ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သည့် Manabi ပြည်နယ်တွင် မတ်လ ၂၄ ရက်က ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံပိုင် Petrobras ရေနံကုမ္ပဏီသည် ရေနံထုတ်လုပ်ပြီးနောက် ထွက်ရှိလာသည့် ရေဆိုးများအား သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်ခဲ့သဖြင့် ဘရာဇီးငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃၁ သန်း) ဒဏ်ကြေးပေးဆောင်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်များနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်က ကြေညာလိုက်သည်။

လီမာ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံတောင်ပိုင်း Arequipa ဒေသအနီး၌ ဖေဖော်ဝါရီ ၂၁ ရက်တွင် ဘတ်စ်ကားတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားရာ သေဆုံးသူ ၄၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

လီမာ ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်း အချိန်တွင် ဘိုလီးဗီးယား နိုင်ငံ အနောက်တောင်ပိုင်း Oruro မြို့၌ ကျင်းပပြုလုပ်နေသည့် ပွဲတော် တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်တွင် လူပေါင်း ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ကာ ပေါက်ကွဲမှု သည် တိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း ဘိုလီးဗီးယား နိုင်ငံ ရဲတပ်ဖွဲ့ က အတည်ပြု ထုတ်ပြန်ခဲ့သည်။

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ဒုတိယမြောက် လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သော Minas Gerais ပြည်နယ်တွင် Yellow Fever ဖြစ်ပွားမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ဇန်နဝါရီလ ၃၀ ရက်က လူ ၂၅ ဦးကျော်ရှိခဲ့ရာမှ ဖေဖော်ဝါရီလ ၆ ရက်တွင် လူ ၆၁ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ မြောက်ပိုင်း ပါရာပြည်နယ်တွင် ဖေဖော်ဝါရီလ ၇ ရက်က အင်ဂျင်တစ်လုံးတပ် လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးလုံး သေဆုံးခဲ့ကြောင်း ဘရာဇီးနိုင်ငံ လေတပ်က ပြောကြားခဲ့သည်။